ထိုအခါ အမှုထမ်းတစ်ယောက်က “ယခု မြို့ထဲတွင် ကျန်နေသေးသောမြင်းငါးကောင်နှင့် လူအချို့တို့ကို စေလွှတ်တော်မူပါ။ သူတို့သည် မြို့ထဲ၌ကျန်ရစ်နေသောအစ္စရေးလူထုအပေါင်းနှင့် အတူတူပင်ဖြစ်၏။ သေသွားသောအစ္စရေးလူထုအပေါင်းနှင့်လည်းအတူတူပင်ဖြစ်သောကြောင့် သူတို့ကိုစေလွှတ်၍ သွားကြည့်ခွင့်ပြုတော်မူပါ”ဟု လျှောက်တင်လေ၏။