၄ ရာ 7:11 - မြန်မာ့စံမီသမ္မာကျမ်း11 တံခါးစောင့်တို့လည်း ဘုရင့်နန်းတော်သို့ အော်ဟစ်သတင်းပို့လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 တံခါးစောင့်တို့သည်ထိုသတင်းကိုကြေညာ ၍ နန်းတော်သို့သတင်းရောက်ရှိသွား၏။- အခန်းကိုကြည့်ပါ။Garrad Bible11 တံ ခါး တော် စောင့် တို့ ကြွေး ကြော်၍ အ တွင်း တော် ရောက် လျှောက် ကြား စေ၏။ အခန်းကိုကြည့်ပါ။Judson Bible11 တံခါးစောင့်တို့သည် တစ်ယောက်ကိုတစ်ယောက် ဟစ်၍၊ ထိုသတင်းသည် နန်းတော်ထဲသို့ ရောက်လေ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်လည်း ညတွင်းချင်းထ၍ အမှုထမ်းတို့အား “ဆီးရီးယားလူမျိုးတို့ မည်သို့ကြံစည်နေသည်ကို သင်တို့အား ငါပြောပြမည်။ ငါတို့ငတ်ပြတ်နေသည်ကို သူတို့သိသဖြင့် တပ်စခန်းမှထွက်သွားပြီး တောထဲတွင် ပုန်းရှောင်နေကြ၏။ သူတို့က ‘အကယ်စင်စစ် မြို့သားတို့သည် မြို့ထဲမှထွက်လာကြလိမ့်မည်။ သူတို့ထွက်လာလျှင် ငါတို့က သူတို့ကို အရှင်ဖမ်းပြီး မြို့ထဲသို့ဝင်ကြမည်’ဟူ၍ သူတို့ကြံစည်ကြပြီ”ဟု မိန့်ဆို၏။