Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၄ ရာ 4:36 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

36 ထိုအခါ ဧလိရှဲ​က ဂေဟာဇိ​ကို​ခေါ်​၍ “​ထို​ရှုနင်​မြို့သူ​ကို ခေါ်လိုက်​ပါ​”​ဟု ဆို​သည့်​အတိုင်း သူ့​ကို​ခေါ်​၍ သူ​ရောက်လာ​လျှင် ဧလိရှဲ​က သူ့​အား “​သင့်​သား​ကို ချီယူ​သွား​ပါ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

36 ဧ​လိ​ရှဲ​သည်​ဂေ​ဟာ​ဇိ​အား​သူ​ငယ်​၏​မိ​ခင်​ကို အ​ခေါ်​ခိုင်း​၏။ အ​မျိုး​သ​မီး​ရောက်​လာ​သော​အ​ခါ ဧ​လိ​ရှဲ​က​သူ့​အား``ဤ​မှာ​သင်​၏​သား'' ဟု​ဆို​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

36 ဧ လိ ရှဲ လည်း ဂေ ဟာ ဇိ အား ခေါ် ပြီး လျှင် ဤ ရှု နင် မြို့ သူ့ ကို ခေါ် လော့ ဟု မိန့် ဆို သည့် အ တိုင်း၊ ခေါ် ငင် လာ ရောက် ရာ ဧ လိ ရှဲ က၊ သင့် သား ကို ပိုက် ပွေ့ လော့ ဟု မိန့် ဆို လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

36 ဧ​လိ​ရှဲ​သည် ဂေ​ဟာ​ဇိ​ကို​ခေါ်၍၊ ရှု​နင်​မြို့​သူ​မိန်း​မ​ကို​ခေါ်​လိုက်​ဟု ဆို​သည်​အ​တိုင်း​ခေါ်၍ သူ​သည် ရောက်​လာ​သော​အ​ခါ၊ ဧ​လိ​ရှဲ​က သင်၏​သား​ကို ချီ​ယူ​လော့​ဟု ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 4:36
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် သူ​တို့​သည် အဆင်းလှ​သော​မိန်းမပျိုလေး​တစ်​ဦး​ကို အစ္စရေး​တစ်ပြည်လုံး​တွင် လိုက်လံရှာဖွေ​ရာ ရှုနင်​မြို့သူ​အဘိရှက်​ကို တွေ့​သဖြင့် ရှင်ဘုရင်​ထံ ခေါ်ဆောင်​လာ​ကြ​၏​။


ဧလိယ​သည် သူငယ်​ကို​ပွေ့​ပြီး မိမိ​နေရာ​အထက်ခန်း​မှ အောက်​သို့​ချီလာ​၍ သူငယ်​ကို မိခင်​လက်​သို့​အပ်လိုက်​ပြီး ဧလိယ​က “ကြည့်​ပါ​။ သင့်​သား အသက်​ပြန်ရှင်​ပြီ”​ဟု ဆို​၏​။


ထို့နောက် ဧလိရှဲ​သည် ထ​၍​အခန်း​ထဲတွင် ခေါက်တုံ့ခေါက်ပြန်​လျှောက်​၏​။ တစ်ဖန် သူငယ်​ပေါ် ပြန်၍​မှောက်​နေ​သောအခါ သူငယ်​သည် ခုနစ်​ကြိမ်​နှာချေ​ပြီး မျက်လုံး​ပွင့်လာ​၏​။


ထို​အမျိုးသမီး​သည် ဧလိရှဲ​ခြေရင်း​တွင် လာ​၍​ပျပ်ဝပ်​ပြီးလျှင် သူ့​သား​ကို​ပွေ့ချီ​၍ ထွက်သွား​လေ​၏​။


ဧလိရှဲ​က​လည်း “​ဆယ်ယူ​လိုက်​ပါ​”​ဟု​ဆို​သဖြင့် ထို​သူ​သည် ပုဆိန်​ကို လက်​ဖြင့် လှမ်း​ယူ​လိုက်​လေ​၏​။


ထို့နောက် ဧလိရှဲ​က သူ​အသက်ပြန်ရှင်​စေ​ခဲ့​သော​သူငယ်​၏​မိခင်​အား “​သင်​နှင့်​သင့်​အိမ်သူအိမ်သား​တို့ ထ​၍​ထွက်သွား​ကြ​ပါ​။ သင်​တည်းခိုနေထိုင်​နိုင်​မည့်​နေရာ​တွင် တည်းခိုနေထိုင်​ပါ​။ ထာဝရဘုရား​သည် ဤ​ပြည်​၌ ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး ဖြစ်​စေ​မည်​။ တစ်ပြည်လုံး ခုနစ်​နှစ်​အစာခေါင်းပါး​မည်​”​ဟု ပြော​၏​။


သေ​သော​သူ​သည် ထ​ထိုင်​ပြီး စကား​ပြော​လေ​၏။ ကိုယ်တော်​သည်​လည်း သူ့​ကို သူ့​မိခင်​ထံ​ပြန်အပ်​တော်မူ​၏။


မိန်းမ​တို့​သည်​လည်း သေ​သော​သူ​တို့​ထဲမှ​ရှင်ပြန်​ထမြောက်​စေ​ခြင်း​ခံရ​သည့် မိမိ​တို့​နှင့်ဆိုင်သော​သူ​တို့​ကို ပြန်လည်​ရရှိ​ကြ​၏။ လူ​အချို့​တို့​သည်​လည်း သာ၍​မြတ်​သော​ရှင်ပြန်​ထမြောက်​ခြင်း​ကို​ရရှိ​ရန် လွတ်မြောက်​ခြင်း​ကို​မ​ခံယူ​ဘဲ ပြင်းထန်​သော​နှိပ်စက်​ခြင်း​ကို​ခံယူ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ