၄ ရာ 4:31 - မြန်မာ့စံမီသမ္မာကျမ်း31 ဂေဟာဇိသည် သူတို့အလျင်သွားနှင့်ပြီး သူငယ်၏မျက်နှာပေါ်တွင် တောင်ဝှေးကိုတင်ထား၏။ သို့သော် သူငယ်ထံမှ မည်သည့်အသံမျှ မထွက်၊ မည်သည့်တုံ့ပြန်မှုမျှ မရှိ။ ထို့ကြောင့် ဂေဟာဇိက ဧလိရှဲကို ပြန်လာကြိုပြီး “သူငယ် မနိုးပါ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible31 ဂေဟာဇိသည်ရှေ့မှသွားနှင့်ပြီးလျှင်ဧလိရှဲ ၏တောင်ဝှေးကိုကလေး၏အပေါ်တွင်တင်ထား၏။ သို့ရာတွင်သူငယ်ထံမှအသံကိုမကြားရ။ အသက်ရှင်သည့်လက္ခဏာကိုလည်းမတွေ့ရ သဖြင့်ဂေဟာဇိသည်ဧလိရှဲကိုပြန်၍ ကြိုဆိုကာ``သူငယ်မနိုးပါ'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible31 ဂေ ဟာ ဇိ လည်း တင် ရင် သွား ၍ သူ ငယ့် မျက် နှာ ပေါ် တွင် တောင် ဝေး ကို တင် ထား ရာ သူ ငယ် သည် မြွက် သံ မ ပြု၊ အ ရေး မ ယူ နေ သော ကြောင့် ခ ရီး ဦး ကြို ဆို လျက် သူ ငယ် မ နိုး ပါ ဟု လျှောက် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible31 ဂေဟာဇိသည် အရင်သွား၍၊ တောင်ဝှေးကို သူငယ်၏မျက်နှာပေါ်မှာ တင်သော်လည်း၊ သူငယ်သည် အသံမပြု အမှုမထား။ ထိုကြောင့် ဂေဟာဇိသည် ဧလိရှဲကိုခရီးဦးကြိုပြု၍၊ သူငယ်သည်မနိုးပါဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် သူတို့ကိုပေးသောနွားအား ယူ၍အသင့်ပြင်ပြီး “အို ဗာလဘုရား၊ အကျွန်ုပ်တို့ကို ထူးတော်မူပါ”ဟု နံနက်အချိန်မှ မွန်းတည့်အချိန်ထိ ဗာလဘုရား၏နာမကိုခေါ်ကြ၏။ သို့သော် တုံ့ပြန်မှုမရှိ။ ထူးသံလည်း မကြားရ။ သူတို့သည် မိမိတို့တည်ထားသောယဇ်ပလ္လင်ပတ်ပတ်လည်တွင် ကခုန်ယိမ်းထိုးလျက်နေကြ၏။