၄ ရာ 21:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထာဝရဘုရားလမ်းတော်ကို မလိုက်လျှောက်ဘဲ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို စွန့်ပယ်၏။ အခန်းကိုကြည့်ပါ။Common Language Bible22 မိမိဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်ကာ ထာဝရဘုရား၏ အမိန့်တော်တို့ကိုလွန်ဆန်၏။ အခန်းကိုကြည့်ပါ။Garrad Bible22 ဘိုး ဘေး တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စွန့်၍ နည်း လမ်း တော် အ တိုင်း မ လိုက် မ လျှောက် ချေ။ အခန်းကိုကြည့်ပါ။Judson Bible22 ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကိုစွန့်၍ ထာဝရဘုရား၏ လမ်းတော်ကို လွှဲရှောင်၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် ငါ့ကိုစွန့်ပစ်ပြီး ဆီဒုန်နတ်ဘုရားမ အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရား မိလကုံ စသည်တို့ကို ကိုးကွယ်ကြပြီ။ သူ့ခမည်းတော်ဒါဝိဒ်မင်းကြီးကဲ့သို့မပြု၊ ငါ့လမ်းသို့မလိုက်။ ငါ၏ပြဋ္ဌာန်းချက်များ၊ စီရင်ထုံးဖွဲ့ချက်များကို ငါ့မျက်မှောက်တွင် ဖြောင့်မှန်စွာမပြုကျင့်။
ငါ့သားရှောလမုန်၊ သင့်ခမည်းတော်ကိုးကွယ်သောဘုရားသခင်နှင့် သိကျွမ်းအောင်ပြုလော့။ စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဆန္ဒရှိသမျှနှင့် အစေခံလော့။ ထာဝရဘုရားသည် စိတ်နှလုံးရှိသမျှကို စစ်ဆေး၍ တွေးတောကြံစည်သမျှတို့ကို သိနားလည်တော်မူ၏။ သင်သည် ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပယ်လျှင်မူကား သင်လည်း ထာဝစဉ်အစွန့်ပယ်ခံရမည်။