၄ ရာ 20:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဟေရှာယက “နန်းတော်တွင် မည်သည့်အရာကို မြင်ကြပြီနည်း”ဟုမေးလျှင် ဟေဇကိမင်းကြီးက “နန်းတော်၌ရှိသမျှတို့ကို သူတို့မြင်ကြပြီ။ ဥစ္စာဘဏ္ဍာများထဲမှ သူတို့အား ငါမပြသောအရာတစ်စုံတစ်ခုမျှမရှိ”ဟု ပြန်ဖြေ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 ဟေရှာယက``သူတို့သည်နန်းတော်တွင်း၌ အဘယ်အရာများကိုတွေ့မြင်သွားကြ ပါသနည်း'' ဟုမေးပြန်၏။ ဟေဇကိက``သူတို့သည်နန်းတော်တွင်း၌ရှိ သမျှသောအရာတို့ကိုတွေ့မြင်ကြပါ၏။ ပစ္စည်းသိုလှောင်ခန်းများထဲမှသူတို့အား ငါ မပြသောအရာတစ်စုံတစ်ခုမျှမရှိ'' ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible15 နန်း တော် တွင် မည် သည့် အ ရာ ကို မြင် ရ ကြ သ နည်း ဟု မေး ပြန် သည့် ကာ လ နန်း တွင်း ရှိ အ ရာ ခပ် သိမ်း ကို မြင် ကြ လေ ပြီ။ အ ဆောင် အ ရွက် တော် အ နက် အ ကျွန်ပ် မ ဖွင့် မ ပြ သော အ ရာ တစ် စုံ တစ် ခု မျှ မ ရှိ ဟု ဟေ ဇ ကိ မင်း ပြန် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစ်စုံတစ်ခုမျှမရှိဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်အားလုံးထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်နှင့် တွေ့သမျှအဖိုးတန်ရတနာများကို ထိုသူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။