၄ ရာ 20:14 - မြန်မာ့စံမီသမ္မာကျမ်း14 ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံသို့လာပြီး “ထိုသူတို့သည် မည်သည့်အကြောင်းကို ပြောဆိုကြသနည်း။ မည်သည့်အရပ်မှ လာကြသနည်း”ဟုမေးလျှင် ဟေဇကိမင်းကြီးက “သူတို့သည် ဝေးလံသောအရပ် ဘေဘီလုံမြို့မှ လာကြပါ၏”ဟု ဆိုလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ထိုနောက်ဟေရှာယသည်ဟေဇကိမင်းထံသွား ၍``ထိုသူတို့သည်အဘယ်အရပ်မှလာကြပါ သနည်း။ သူတို့ကအရှင်အားအဘယ်သို့တင် လျှောက်ကြပါသနည်း'' ဟုမေး၏။ ဟေဇကိ က``သူတို့သည်အလွန်ဝေးသောဗာဗုလုန် ပြည်မှလာပါသည်'' ဟုဖြေ၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို နောက် ဟေ ဇ ကိ မင်း ထံ ပ ရော ဖက် ဟေ ရှာ ယ ဝင် ရောက်၍ ထို သူ တို့ သည် မည် သို့ တင် လျှောက် ကြ သ နည်း။ မည် သည့် ပြည် မှ လာ ကြ သ နည်း ဟု မေး သော်၊ ဟေ ဇ ကိ မင်း က၊ ဝေး ကွာ သော ပြည်၊ ဗာ ဗု လုန် မြို့ မှ လာ ရောက် ကြ ပါ ပြီ ဟု ပြန် ဆို လျှင် အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ ပရောဖက်ဟေရှာယသည် ဟေဇကိမင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူသည် အကျွန်ုပ်ကိုရိုက်ပါစေသော။ ဤသည်ကား မေတ္တာကရုဏာထားရှိခြင်းဖြစ်ပါ၏။ အကျွန်ုပ်ကိုဆုံးမပါစေသော။ ဤသည်ကား ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါ၏။ ထို့အတွက် အကျွန်ုပ်၏ဦးခေါင်းသည် မငြင်းပါ။ အကြောင်းမူကား အကျွန်ုပ်သည် မကောင်းမှုပြုသောသူတို့ကို ဆက်၍ဆန့်ကျင်ဆုတောင်းနေပါမည်။
ဟေဇကိမင်းကြီးသည် သူတို့ကို ဝမ်းမြောက်ဝမ်းသာကြိုဆို၍ မိမိဘဏ္ဍာတိုက်အားလုံးထဲမှ ရွှေငွေ၊ အမွှေးနံ့သာ၊ အဖိုးတန်ဆီမှစ၍ လက်နက်တိုက်နှင့် တွေ့သမျှအဖိုးတန်ရတနာများကို ထိုသူတို့အား ပြလေ၏။ နန်းတွင်းနှင့် နိုင်ငံတစ်ဝန်းလုံးတွင် ထိုသူတို့အား ဟေဇကိမင်းကြီး မပြပေးသောအရာတစ်စုံတစ်ခုမျှမရှိ။
ဘေဘီလုံပြည်ရှိ ခါလဒဲလူမျိုးများမှစ၍၊ ပေကုပ်လူမျိုး၊ ရှောလူမျိုး၊ ကောလူမျိုးတို့နှင့်တကွ သူတို့နှင့်အတူနေထိုင်သော အဆီးရီးယားလူမျိုးများ စသည့် ခန့်ညားသောမင်းအရာရှိလုလင်ပျိုများ၊ စစ်ဗိုလ်များ၊ နာမည်ကျော်ကြားသောတပ်မှူးများ၊ မြင်းစီးသူရဲများအားလုံးတို့ကို ငါခေါ်လာမည်။