၄ ရာ 19:10 - မြန်မာ့စံမီသမ္မာကျမ်း10 “သင်တို့သည် ယုဒဘုရင် ဟေဇကိမင်းကြီးအား ‘သင်ယုံကြည်ကိုးစားသောသင်၏ဘုရားသခင်က ဂျေရုဆလင်မြို့သည် အဆီးရီးယားဘုရင်၏လက်သို့ ရောက်မည်မဟုတ်’ဟု သင့်အား လှည့်စားမိန့်ဆိုသည်ကို သင်မခံနှင့်။ အခန်းကိုကြည့်ပါ။Common Language Bible10 ထိုသတင်းကိုကြားသောအခါဧကရာဇ်မင်း သည် ယုဒဘုရင်ဟေဇကိထံသို့အမှာတော် စာပေးပို့လိုက်လေသည်။ ထိုအမှာတော်စာ တွင်``သင်ကိုးစားသည့်ဘုရားကသင်သည် ငါ ၏လက်တွင်းသို့ကျရောက်လိမ့်မည်မဟုတ် ကြောင်းမိန့်တော်မူသောစကားကြောင့်နား မယောင်နှင့်။- အခန်းကိုကြည့်ပါ။Garrad Bible10 အာ ရှု ရိ ဘု ရင့် လက် တွင်း သို့ ယေ ရု ရှ လင် မြို့ မ ရောက် ရ ဟူ သော သင် ကိုး စား သော ဘု ရား သ ခင်၏ လှည့် ဖြား ခြင်း ကို နား မ ယောင် နှင့်။ အခန်းကိုကြည့်ပါ။Judson Bible10 သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရသောစကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။ အခန်းကိုကြည့်ပါ။ |
သင်တို့ အသက်မသေ ရှင်ကျန်နေမည့်အကြောင်း ငါသည် လာ၍ သင်တို့ပြည်ကဲ့သို့ ကောက်ပဲသီးနှံနှင့် စပျစ်ဝိုင်အသစ်ထွက်သောပြည်၊ အစားအစာနှင့် စပျစ်ခြံပေါများသောပြည်၊ သံလွင်ဆီနှင့် ပျားရည်ရှိရာပြည်သို့ သင်တို့ကို ခေါ်ဆောင်သွားမည်။ ဟေဇကိက ထာဝရဘုရားသည် ငါတို့ကိုကယ်နုတ်တော်မူမည်ဟု ဆိုလျက် လှည့်စားသည်ကို မခံကြနှင့်။