၄ ရာ 11:11 - မြန်မာ့စံမီသမ္မာကျမ်း11 အစောင့်တပ်သားတို့သည် လက်နက်ကိုယ်စီကိုင်လျက် အိမ်တော်တောင်ဘက်ထောင့်မှ မြောက်ဘက်ထောင့်အထိ၊ ယဇ်ပလ္လင်အနား၊ အိမ်တော်အနားတို့၌ နေရာယူလျက် ရှင်ဘုရင်ကို ခြံရံပေးကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 သူသည်မင်းကြီးကိုကာကွယ်စောင့်ရှောက် ရန်အတွက်ထိုသူတို့အား ဗိမာန်တော် အရှေ့ဘက်တစ်ဝိုက်တွင်ဋ္ဌားလွတ်များ ကိုကိုင်၍နေရာယူစေ၏။- အခန်းကိုကြည့်ပါ။Garrad Bible11 ဗိ မာန် တော် နှင့် ပူဇော် ရာ ပ လ္လင် တော် ကို မျက် နှာ မူ သူ ရှေ့ တော် ပြေး တို့ သည် လက် နက် ကိုယ် စီ ကိုင် လျက် မင်း လောင်း ကို ခြံ ရံ ကွယ် ကာ ရန် တစ် ဘက် မှ တစ် ဘက် အ ထိ ရပ် နေ ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible11 စောင့်သောသူအပေါင်းတို့သည် လက်နက်ကိုကိုင်လျက်၊ ရှင်ဘုရင်ကိုဝိုင်း၍ ယဇ်ပလ္လင်အနားနှင့် ဗိမာန်တော်အနား၌ လက်ယာထောင့်မှစ၍ လက်ဝဲထောင့်တိုင်အောင် ရပ်ကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏အမှုတော်ဆောင် ယဇ်ပုရောဟိတ်တို့သည် ဆင်ဝင်ပေါက်နှင့်ယဇ်ပလ္လင်ကြားတွင် ငိုကြွေးလျက် “အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်ကို သနားတော်မူပါ။ ကိုယ်တော်၏အမွေတော်ကို လူမျိုးခြားတို့အလယ်တွင် ကဲ့ရဲ့စရာ၊ ပုံခိုင်းစရာဖြစ်အောင် ပြုတော်မမူပါနှင့်။ လူမျိုးခြားတို့က ‘သူတို့၏ဘုရားသခင်သည် အဘယ်မှာရှိသနည်း’ဟူ၍ လူမျိုးတကာ၏အလယ်တွင် အဘယ်ကြောင့် ဆိုရပါမည်နည်း”ဟု လျှောက်ကြစေ။