၃ ရာ 2:30 - မြန်မာ့စံမီသမ္မာကျမ်း30 ဗေနာယသည် ထာဝရဘုရား၏တဲတော်အတွင်းသို့ ဝင်သွားပြီး ယွာဘအား “ရှင်ဘုရင် အမိန့်တော်ရှိ၏။ ထွက်လာပါ”ဟု ဆိုလျှင် ယွာဘက “မထွက်ပါ။ ဤနေရာ၌သာ အသေခံမည်”ဟု ပြန်ဖြေသဖြင့် ဗေနာယက “ယွာဘ ဤသို့ပြောပါပြီ။ ဤသို့ပြန်ဖြေပါပြီ”ဟု ရှင်ဘုရင်ထံ အကြောင်းပြန်၏။ အခန်းကိုကြည့်ပါ။Common Language Bible30 ဗေနာယသည်ထာဝရဘုရားစံတော်မူ ရာတဲတော်သို့သွား၍ ယွာဘအား``အပြင် သို့ထွက်ခဲ့လော့။ မင်းကြီးအမိန့်တော်ရှိ သည်'' ဟုဆို၏။ ယွာဘက``ငါမလာလို။ ဤအရပ်တွင်ပင် အသေခံမည်'' ဟုပြန်ပြော၏။ ဗေနာယသည်လည်းမင်းကြီးထံပြန်သွား ပြီးလျှင် ယွာဘပြောသည့်စကားကိုပြန် ကြားလျှောက်ထားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible30 ထာ ဝ ရ ဘု ရား၏ တဲ တော် သို့ ဗေ နာ ယ ရောက် သော်၊ ထွက် ခဲ့ လော့ ဟူ သော အ မိန့် တော် ပါ သည် ဟု ဆို လျှင် ငါ မ ထွက်။ ဤ ဌာ န တွင် ပင် အ သေ ခံ မည် ဟု ဆို သည် နှင့် ယွာ ဘ ဤ သို့ ဆို ကြောင်း ဗေ နာ ယ ပြန် လျှောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible30 ဗေနာယသည် ထာဝရဘုရား၏တဲတော်သို့သွား၍၊ ရှင်ဘုရင်ခေါ်တော်မူသည်ဟု ဆိုလျှင်၊ ယွာဘက ငါမသွား၊ ဤအရပ်မှာ အသေခံမည်ဟုဆို၏။ ဗေနာယကလည်း၊ ယွာဘသည် ဤသို့ပြန်ပြောပါ၏ဟု နားတော်လျှောက်လေသော်၊ အခန်းကိုကြည့်ပါ။ |