၃ ရာ 12:11 - မြန်မာ့စံမီသမ္မာကျမ်း11 ငါ့ခမည်းတော်သည် သင်တို့အပေါ် လေးသောထမ်းပိုးကို တင်ခဲ့၏။ ငါမူကား သင်တို့၏ထမ်းပိုးကို ပို၍လေးစေမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကျာပွတ်နှင့်ဆုံးမ၏။ ငါမူကား သင်တို့ကို ကင်းမြီးကောက်နှင့်ဆုံးမမည်’ဟူ၍ ပြန်ဖြေပါလော့”ဟု လျှောက်တင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible11 ငါ့ခမည်းတော်တင်သောဝန်လေးသည်မှန်၏။ ငါ တင်သောဝန်ကားထိုထက်ပင်ပို၍လေးလိမ့်မည်။ သူသည်သင်တို့အားကြိမ်နှင့်ရိုက်၏။ ငါမူကား ကြာပွတ်နှင့်ရိုက်အံ့' ဟုဖြေကြားတော်မူပါ'' ဟုလျှောက်ကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible11 ခ မည်း တော် သည် သင် တို့ အ ပေါ် တွင် လေး လံ သော ထမ်း ပိုး ဝန် ကို တင် ခဲ့ သည် မှန် ၏။ ငါ ကား ထပ် ၍ တင် ဦး မည်။ ခ မည်း တော် သည် သင် တို့ ကို နှင် တံ ဖြင့် ဆုံး မ ခဲ့ သည် မှန်၏။ ငါ ကား ကင်း မြီး ကောက် နှင့် ဆုံး မ ဦး မည် ဟူ၍ ပြန် ပြော တော် မူ ပါ ဟု အ ကြံ ပေး ကြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible11 ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းပိုးကို တင်လေပြီ။ ငါသည်လည်း ထပ်၍တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့်ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။ အခန်းကိုကြည့်ပါ။ |
အချင်းလူသား၊ သင့်ကို ဆူးပင်များ၊ ဆူးချုံများ ဝိုင်းရံနေပါစေ၊ ကင်းမြီးကောက်တို့နှင့်နေရပါစေ၊ သူတို့ကို မကြောက်နှင့်။ သူတို့စကားကိုလည်း မကြောက်နှင့်။ သူတို့သည် ပုန်ကန်တတ်သောလူမျိုးဖြစ်သောကြောင့် သူတို့စကားကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်။