၃ ယော 1:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဒေမေတရိအကြောင်းကို လူအပေါင်းတို့မှစ၍ သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ငါတို့သည်လည်း သက်သေခံကြ၏။ ငါတို့၏သက်သေခံချက်သည် မှန်ကန်ကြောင်းကိုလည်း သင်သိ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ဒေမေတရိကို လူတိုင်းချီးမွမ်းပြောဆို ကြပေသည်။ သမ္မာတရားသည်သူ့ဘက်၌ သက်သေခံ၏။ ငါတို့သည်ထပ်လောင်း၍ ထောက်ခံ၏။ ငါတို့ထောက်ခံချက်သည် ခိုင်လုံကြောင်းသင်သိ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 လူ ခပ် သိမ်း တို့ နှင့် သ မ္မာ တ ရား တော် သည် ဒေ မေ တ ရိ ဘက်၌ သက် သေ ခံ၏။ ငါ တို့ လည်း သက် သေ ခံ၍ ထို သက် သေ ဟုတ် မှန် ကြောင်း သင် သိ၏။ အခန်းကိုကြည့်ပါ။Judson Bible12 လူအပေါင်းတို့သည် ဒေမေတရိ၏ သက်သေဖြစ်ကြ၏။ သမ္မာတရားသည်လည်း သူ၏သက်သေဖြစ်၏။ ငါတို့သည်လည်း ထိုသူဘက်၌ သက်သေခံကြ၏။ ငါတို့၏ သက်သေခံခြင်းသည် ဟုတ်မှန်သည်ကို သင်တို့ သိကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ဒေမေတရိ၏ ကောင်းကြောင်းကို လူတိုင်းသာမက သမ္မာတရားကိုယ်တိုင်က သက်သေခံ၏။ ကျွန်ုပ်တို့သည်လည်း သက်သေခံကြ၏။ ကျွန်ုပ်တို့၏ သက်သေခံချက် မှန်ကန်ကြောင်း သင်သိ၏။ အခန်းကိုကြည့်ပါ။ |