၂ ရာချုပ် 6:33 - မြန်မာ့စံမီသမ္မာကျမ်း33 ကိုယ်တော်သည် ကိန်းဝပ်တော်မူရာကောင်းကင်ဘုံမှ နားညောင်းတော်မူပါ၊ ထိုတစ်ပါးအမျိုးသားတို့ တောင်းလျှောက်သမျှကို ပြုပေးတော်မူပါ။ သို့မှ မြေကြီးသားအပေါင်းတို့သည် ကိုယ်တော်၏လူမျိုးတော်အစ္စရေးတို့ကဲ့သို့ ကိုယ်တော်၏နာမတော်ကိုသိကျွမ်း၍ ကိုယ်တော့်ကို ကြောက်ရွံ့ရိုသေကြပါလိမ့်မည်။ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကိုလည်း ကိုယ်တော်၏နာမတော်တည်ရာအိမ်တော်ဟု ခေါ်ဝေါ်ကြောင်း သိကြပါလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible33 ကိုယ်တော်စံတော်မူရာကောင်းကင်ဘုံမှနား ညောင်းတော်မူပြီးလျှင် ထိုသူတောင်းလျှောက် သည်အတိုင်းပြုတော်မူပါ။ သို့မှသာလျှင် ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်ကိုယ်တော် ၏လူမျိုးတော်နည်းတူ ကိုယ်တော်အားကြောက် ရွံ့ရိုသေကြပါလိမ့်မည်။ ထို့အပြင်ကိုယ်တော် အဖို့အကျွန်ုပ်တည်ဆောက်သည့်ဗိမာန်တော် သည်ကိုယ်တော်အားဝတ်ပြုကိုးကွယ်ရာ ဌာနတော်ဖြစ်ကြောင်းကိုသူတို့သိကြ ပါလိမ့်မည်။'' အခန်းကိုကြည့်ပါ။Garrad Bible33 ခံ တော် မူ ရာ ကောင်း ကင် ဘုံ မှ နား ညောင်း တော် မူ ၍ ဣ သ ရေ လ လူ မျိုး တော် နှင့် ထပ် တူ နာ မ တော် ကို မြေ တစ် ပြင် လုံး ရှိ လူ အ မျိုး မျိုး တို့ သိ ကျွမ်း ခန့် ညား ကြ စေ ရန် လည်း ကောင်း၊ အ ကျွန်ုပ် တည် ဆောက် သော ဤ ဗိ မာန် တော် ကို နာ မ တော် ဖြင့် သ မုတ် ကြောင်း သိ ကြ စေ ရန်လည်း ကောင်း၊ ထို လူ မျိုး ခြား တို့ ပ ဌ နာ ပြု သည့် အ တိုင်း စီ ရင် တော် မူ ပါ။ အခန်းကိုကြည့်ပါ။Judson Bible33 ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့သည် ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည်ကြောက်ရွံ့လျက် နာမတော်ကို သိစေခြင်းငှာလည်းကောင်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့်သမုတ်ကြောင်းကို သိစေခြင်းငှာလည်းကောင်း၊ ထိုတစ်ပါးအမျိုးသားတို့သည် ဆုတောင်းသမျှအတိုင်း ကျေးဇူးပြုတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ကိုယ်တော်က “ယာကုပ်အမျိုးကို ပြန်လည်ထူထောင်ရန်၊ အသက်ရှင်ကျန်ရစ်သောအစ္စရေးလူမျိုးတို့ကို ပြန်ခေါ်ဆောင်လာရန် သင့်ကို ငါ့အစေအပါးဖြစ်စေခြင်းသည် အသေးအဖွဲမျှသာဖြစ်သေး၏။ မြေကြီးစွန်းတိုင်အောင် ငါ၏ကယ်တင်ခြင်းရောက်ရှိစေရန် ငါသည် သင့်ကိုလူမျိုးတကာတို့အဖို့ အလင်းဖြစ်စေဦးမည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်က ‘ငါ့လူမျိုးတော်အစ္စရေးတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်လာခဲ့သည့်နေ့မှစ၍ ငါ့နာမတည်ရာအိမ်တော်ကိုတည်ဆောက်ရန် အစ္စရေးအမျိုးအနွယ်တို့ပိုင်သောမြို့တစ်မြို့မြို့ကို ငါမရွေးချယ်ခဲ့။ သို့သော် ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်စိုးရန် ဒါဝိဒ်ကို ငါရွေးချယ်ခဲ့ပြီ’ဟု မိန့်တော်မူခဲ့၏။
ယနေ့တွင် ထာဝရဘုရားသည် သင့်ကို ငါ့လက်သို့အပ်နှံတော်မူမည်။ သင့်ကို ငါသတ်ပြီး သင့်ခေါင်းကို ဖြတ်ပစ်မည်။ ယနေ့ပင် ဖိလိတ္တိလူမျိုးစစ်သည်အသေကောင်များကို မိုးကောင်းကင်ငှက်များ၊ တောရိုင်းတိရစ္ဆာန်များအား ကျွေးပစ်မည်။ သို့မှ အစ္စရေးလူမျိုးတို့၌ ဘုရားသခင်ရှိတော်မူကြောင်းကို ကမ္ဘာမြေတစ်ခွင်လုံး သိရကြလိမ့်မည်။