၂ ရာချုပ် 34:32 - မြန်မာ့စံမီသမ္မာကျမ်း32 ဂျေရုဆလင်မြို့သားများနှင့် ဗင်္ယာမိန်နယ်သားအားလုံးတို့ကိုလည်း ကတိသစ္စာပြုစေ၏။ ဂျေရုဆလင်မြို့သားတို့သည်လည်း ဘိုးဘေးတို့၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ပဋိညာဉ်အတိုင်း လုပ်ဆောင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible32 မင်းကြီးသည်ဗင်္ယာမိန်အနွယ်ဝင်များနှင့် ယေရုရှလင်မြို့တွင်ရှိသမျှသောသူတို့ အားလည်း ပဋိညာဉ်တော်ကိုစောင့်ထိန်းရန် ကတိပြုစေတော်မူ၏။ သို့ဖြစ်၍ယေရု ရှလင်မြို့သူမြို့သားတို့သည်ဘိုးဘေး များ၏ဘုရားသခင်နှင့်မိမိတို့ပြုသည့် ပဋိညာဉ်တော်ပါပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးကြလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible32 ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ လည်း၊ ဘိုး ဘေး တို့၏ ဘု ရား သ ခင် ပ ဋိ ညာဉ် တော် ကို စောင့် ရှောက် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible32 စည်းဝေးသော ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသား အပေါင်းတို့သည်၊ ထိုအဓိဋ္ဌာန်ကိုဝန်ခံရမည်အကြောင်း စီရင်တော်မူ၏။ ယေရုရှလင်မြို့သားတို့ သည်လည်း၊ ဘိုးဘေးတို့ကိုးကွယ်သော ဘုရားသခင်၏ပဋိညာဉ်တရားအတိုင်း ကျင့်ကြ၏။ အခန်းကိုကြည့်ပါ။ |
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။
ရှင်ဘုရင်သည် မိမိနေရာတွင်ရပ်၍ ထာဝရဘုရားနောက်တော်သို့ လိုက်ပါမည်၊ ပညတ်ချက်များ၊ သက်သေခံတော်မူချက်များ၊ ပြဋ္ဌာန်းချက်များကို စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ စောင့်ထိန်းပါမည်၊ ဤကျမ်းစာတွင်ရေးထားသောပဋိညာဉ်စကားများကို လိုက်နာပါမည်ဟု ထာဝရဘုရားရှေ့တော်၌ ကတိသစ္စာပြု၏။
ထို့နောက် ယောရှိမင်းကြီးသည် အစ္စရေးအမျိုးသားတို့ပိုင်သောနယ်မြေတစ်ဝန်းလုံးရှိ စက်ဆုပ်ရွံရှာဖွယ်ရုပ်တုအားလုံးကို ဖယ်ရှား၍ အစ္စရေးပြည်သားအားလုံးကို မိမိတို့၏ဘုရားသခင်ထာဝရဘုရားကိုသာ ဝတ်ပြုကိုးကွယ်စေ၏။ ယောရှိမင်းကြီးလက်ထက်တစ်လျှောက်လုံး သူတို့သည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားထံမှ လမ်းမလွဲဘဲ နောက်တော်သို့လိုက်ကြလေ၏။
ယခု အကျွန်ုပ်တို့သည် အကျွန်ုပ်တို့၏ဘုရားသခင်နှင့် ပဋိညာဉ်ပြုကြကုန်စို့။ အကျွန်ုပ်၏အရှင်သခင်နှင့် အကျွန်ုပ်တို့ဘုရားသခင်၏ပညတ်တော်ကို ရိုသေခန့်ညားသောသူတို့၏အကြံပေးချက်အတိုင်း အကျွန်ုပ်တို့သည် ထိုမိန်းမများနှင့်တကွ သူတို့နှင့်ရသောကလေးများကို စွန့်၍ ပညတ်တရားတော်နှင့်အညီ ပြုကျင့်ကြပါမည်။