၂ ရာချုပ် 32:16 - မြန်မာ့စံမီသမ္မာကျမ်း16 သူ၏အမှုထမ်းတို့သည် ဘုရားသခင်ထာဝရဘုရားနှင့် ကိုယ်တော့်အစေအပါးဟေဇကိမင်းကြီးကို ထို့ထက်မက ကဲ့ရဲ့ပြောဆိုကြသေး၏။ အခန်းကိုကြည့်ပါ။Common Language Bible16 အာရှုရိတပ်မှူးသည်လည်းထာဝရအရှင် ဘုရားသခင်အားလည်းကောင်း၊ ထာဝရဘုရား ၏အစေခံဟေဇကိအားလည်းကောင်းထို ထက်ပင်ပိုမိုရှုတ်ချပြောဆိုကြသေး၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ထာ ဝ ရ ဘု ရား သ ခင် နှင့် ကျွန် တော် ရင်း ဟေ ဇ ကိ မင်း ကို၊ ရာ ဇ သံ တို့ ဆက် လက် ကဲ့ ရဲ့ ကြ သေး ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သူ့ကျွန်တို့သည် ထာဝရအရှင်ဘုရားသခင်တစ်ဖက်၊ ဘုရားသခင်၏ကျွန်ဟေဇကိတစ်ဖက်၌ သာ၍ ပြောဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
ထို့ကြောင့် ယခု ဟေဇကိမင်းကြီးသည် သင်တို့ကို မလှည့်စားစေနှင့်။ ထိုသို့ မသွေးဆောင်စေနှင့်။ သူ့ကို မယုံကြနှင့်။ အကြောင်းမူကား မည်သည့်လူမျိုး၊ မည်သည့်တိုင်းနိုင်ငံ၏ဘုရားကမျှ မိမိလူမျိုးကို ငါ့လက်မှလည်းကောင်း၊ ငါ့ဘိုးဘေးတို့လက်မှလည်းကောင်း မကယ်နုတ်နိုင်။ သင်တို့၏ဘုရားတို့သည်လည်း သင်တို့ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်’ဟူ၍ မိန့်မှာလိုက်သည်”ဟု ပြောကြားစေ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားအား ကဲ့ရဲ့စော်ကားသောစာကိုလည်း ရေးသားသေး၏။ စာထဲတွင် “မြေကြီးပေါ်ရှိလူမျိုးတို့၏ဘုရားများသည် သူတို့လူမျိုးကို ငါ့လက်မှမကယ်နုတ်နိုင်။ ထိုနည်းတူ ဟေဇကိမင်းကြီး၏ဘုရားသခင်သည်လည်း သူ့လူမျိုးတော်ကို ငါ့လက်မှကယ်နုတ်နိုင်မည်မဟုတ်”ဟု ရေးသားထား၏။