၂ ရာချုပ် 29:24 - မြန်မာ့စံမီသမ္မာကျမ်း24 ထို့နောက် ယဇ်ပုရောဟိတ်တို့သည် ဆိတ်တို့ကိုသတ်ပြီး အစ္စရေးတစ်မျိုးလုံးအတွက် မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ပူဇော်ပေးရန် ရှင်ဘုရင်မိန့်မှာထားသည်ဖြစ်၍ ထိုဆိတ်တို့၏အသွေးကို အစ္စရေးတစ်မျိုးလုံးအတွက် အပြစ်ဖြေပေးသောအပြစ်ဖြေရာယဇ်အဖြစ် ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible24 ထိုနောက်ယဇ်ပုရောဟိတ်တို့သည်ဣသရေလ အမျိုးသားတစ်ရပ်လုံးအတွက် အပြစ်ဖြေ ရာယဇ်ကိုပူဇော်ရန်မင်းကြီးအမိန့်ပေး ထားသည့်အတိုင်း ဆိတ်များကိုသတ်၍ ယဇ်ပလ္လင်ပေါ်သို့သွေးကိုသွန်းလောင်းကြ လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible24 မီး ရှို့ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ များ ကို၊ ဣ သ ရေ လ တစ် မျိုး လုံး အ တွက် ဆက် ကပ် ရ မည် ဟူ သော ဘု ရင် မင်း အ မိန့် တော် အ ရ၊ ပ ရော ဟိတ် တို့ သည် စီ ရင်၍၊ တစ် မျိုး လုံး အ ပြစ် အ ဖို့ ဖြေ ခြင်း ကို ပြု ရန်၊ ပ လ္လင် တော့် ပေါ် မှာ အ သွေး ကို ဆက် ကပ် ပူ ဇော် ကြ ကုန် ၏။ အခန်းကိုကြည့်ပါ။Judson Bible24 ယဇ်ပုရောဟိတ်တို့သည် သတ်၍၊ ဣသရေလ အမျိုးသားအပေါင်းတို့၏ အပြစ်ကိုပြေစေခြင်းငှာ၊ ယဇ်ပလ္လင်ပေါ်မှာ အသွေးအားဖြင့် အပြစ်ဖြေခြင်းမင်္ဂလာကို ပြုကြ၏။ ထိုသို့မီးရှို့ရာယဇ်နှင့် အပြစ်ဖြေရာယဇ်ကို ဣသရေလ အမျိုးသားအပေါင်းတို့အဖို့ ပူဇော်မည်အကြောင်း၊ ရှင်ဘုရင် အမိန့်တော်ရှိပြီ။ အခန်းကိုကြည့်ပါ။ |
မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
အပြစ်ကျူးလွန်ခြင်းကို ရပ်တန့်ဖို့၊ အပြစ်ကို အဆုံးသတ်ဖို့၊ ဒုစရိုက်အပြစ်ကို ဖြေလွှတ်ဖို့၊ ထာဝရဖြောင့်မတ်ခြင်းကို ယူဆောင်လာဖို့၊ ဗျာဒိတ်နိမိတ်နှင့် ပရောဖက်ပြုဟောပြောခြင်းတို့ကိုတံဆိပ်ခတ်ဖို့၊ အသန့်ရှင်းဆုံးဌာနကို ဘိသိက်သွန်းဖို့ သင့်လူမျိုးတော်နှင့် သန့်ရှင်းသောမြို့တော်အတွက် ရက်သတ္တပတ်ခုနစ်ဆယ်ကို စီရင်သတ်မှတ်တော်မူပြီ။