၂ ရာချုပ် 29:17 - မြန်မာ့စံမီသမ္မာကျမ်း17 ပထမလ၊ ပထမရက်တွင် သန့်ရှင်းခြင်းအမှုကို စတင်ပြုလုပ်ရာ ထိုလရှစ်ရက်မြောက်သောနေ့တွင်မှ ထာဝရဘုရားအိမ်တော်ဆင်ဝင်ထိရောက်၏။ နောက်ထပ်ရှစ်ရက်ပတ်လုံး ထာဝရဘုရား၏အိမ်တော်သန့်ရှင်းခြင်းအမှုကိုပြုပြီး ပထမလ၊ တစ်ဆယ့်ခြောက်ရက်နေ့တွင် ပြီးစီးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible17 သူတို့သည်ပထမလတစ်ရက်နေ့မှအစ ပြု၍ မုခ်ဦးခန်းအပါအဝင်ဗိမာန်တော် သန့်စင်မှုကိုဆောင်ရွက်ကြရာရှစ်ရက်နေ့ ၌ပြီးစီးသွား၏။ ထိုနောက်သူတို့သည် ထပ်မံ၍ရှစ်ရက်တိုင်တိုင် လဆန်းတစ်ဆယ့် ခြောက်ရက်နေ့အထိဗိမာန်တော်ကိုဝတ် ပြုကိုးကွယ်မှုအတွက်ပြင်ဆင်ကြလေ သည်။ အခန်းကိုကြည့်ပါ။Garrad Bible17 ပ ဌ မ လ တစ် ရက် အ စ ပြု၍၊ ရှစ် ရက် တိုင် လျှင် မုတ် ဆောင် တော် သို့ ရောက် လျက်၊ ဗိ မာန် တော် အ တွင်း၊ ဒု တိ ယ ရှစ် ရက် ဆောင် ရွက် ၍၊ ၎င်း လ ဆယ့် ခြောက် ရက် မြောက် သော်၊ ဗိ မာန် တော် လုံး ကို သန့် ရှင်း၍ ပြီး စီး ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible17 ပထမလတစ်ရက်နေ့တွင် သန့်ရှင်းစပြု၍၊ ရှစ်ရက်နေ့တွင် ဗိမာန်တော်ဦးသို့ရောက်ကြ၏။ ထိုနောက် ရှစ်ရက်ပတ်လုံး၊ ဗိမာန်တော်ကိုသန့်ရှင်းစေ၍ ပထမလ တစ်ဆယ်ခြောက်ရက်နေ့တွင် လက်စသတ်ကြ၏။ အခန်းကိုကြည့်ပါ။ |