၂ ရာချုပ် 23:14 - မြန်မာ့စံမီသမ္မာကျမ်း14 ယဇ်ပုရောဟိတ်ယောယဒက စစ်သည်တို့ကို အုပ်ချုပ်ရသောရာတပ်မှူးတို့ကို ခေါ်ထုတ်ပြီး “သူ့ကို စောင့်ကြပ်ထားသောနေရာမှ ဆွဲထုတ်လိုက်ကြ။ သူ့နောက်မှ လိုက်ပါလာသောသူတို့ကိုလည်း ဓားနှင့်ကွပ်မျက်လိုက်ကြ”ဟု အမိန့်ပေးလိုက်၏။ ယဇ်ပုရောဟိတ်က “သူ့ကို ထာဝရဘုရား၏အိမ်တော်တွင် မသတ်ကြနှင့်”ဟု မှာထားသဖြင့် အခန်းကိုကြည့်ပါ။Common Language Bible14 ယောယဒသည်အာသလိအား ဗိမာန်တော် ဝင်းအတွင်း၌သတ်ဖြတ်သည်ကိုမလိုလား သဖြင့်``သူ့ကိုအစောင့်တပ်သားများအကြား မှထုတ်သွားကြလော့။ သူ့ကိုကယ်မည့်သူကို သတ်လော့'' ဟုတပ်မှူးတို့အားအမိန့်ပေး လေသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ပ ရော ဟိတ် ယော ယ ဒ လည်း၊ ရဲ မက် တို့ အ ပေါ် အုပ် ချုပ် သော ရာ တပ် မှူး တို့ ကို ခေါ် ပြီး လျှင်၊ ဗိ မာန် တော် တွင် မ သတ် လင့် ဟူ ၍ လည်း ကောင်း၊ တပ် အ ကြား တံ တိုင်း ပြင် သို့ ထုတ် လျက်၊ လိုက် လာ သူ တို့ ပါ လုပ် ကြံ ကြ ဟူ၍ လည်း ကောင်း၊ ဆို သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible14 ယဇ်ပုရောဟိတ်ယောယဒကလည်း၊ ဗိမာန်တော်ထဲမှာ မသေစေနှင့်။ တပ်ပြင်သို့ထုတ်ကြ။ သူ့ဘက်မှာနေသောသူကို ဓားနှင့်သတ်ကြဟု လူတစ်ရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊ အခန်းကိုကြည့်ပါ။ |
မီးရှို့ရာယဇ်ပူဇော်ပြီးသည်နှင့် ယေဟုက အစောင့်တပ်သားများနှင့် တပ်မှူးတို့အား “ဝင်ပြီး သတ်ကြ။ တစ်ယောက်ကိုမျှမလွတ်စေနှင့်”ဟု အမိန့်ပေးလိုက်ရာ သူတို့သည် ဓားဖြင့် ဝင်ရောက်သတ်ဖြတ်ကြ၏။ အစောင့်တပ်သားများနှင့် တပ်မှူးတို့သည် အလောင်းများကို ပစ်ထားခဲ့ပြီး ဗာလဘုရားဝတ်ကျောင်း၏အတွင်းခန်းထဲသို့ ဝင်သွားကြ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။