၂ ရာချုပ် 23:12 - မြန်မာ့စံမီသမ္မာကျမ်း12 အာသလိဘုရင်မသည် လူတို့ပြေးလွှားလှုပ်ရှားနေ၍ ရှင်ဘုရင်အားချီးမွမ်းသီဆိုနေသောအသံကို ကြားလျှင် လူတို့စုဝေးရာထာဝရဘုရား၏အိမ်တော်သို့ သွား၏။ အခန်းကိုကြည့်ပါ။Common Language Bible12 အာသလိသည်မင်းကြီးအား လူတို့သြဘာ ပေးသံကိုကြားသဖြင့်လူတို့စုဝေးလျက် ရှိရာ ဗိမာန်တော်သို့အဆောတလျင်ရောက် လာသော်၊- အခန်းကိုကြည့်ပါ။Garrad Bible12 အာ သ လိ သည်၊ ပ ရိ သတ် သွား လာ သံ၊ ဘု ရင် မင်း အား ဩ ဘာ ဆက် သံ များ ကို ကြား ၍၊ ပ ရိ သတ် ရှိ ရာ ဗိမာန် တော် သို့ သွား ရောက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible12 အာသလိသည် လူများပြေး၍၊ ရှင်ဘုရင်ထံ၌ ချီးမွမ်းသံကိုကြားလျှင်၊ လူများရှိရာ ဗိမာန်တော်သို့သွား၍၊ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။