၂ ရာချုပ် 18:22 - မြန်မာ့စံမီသမ္မာကျမ်း22 ထို့ကြောင့် ယခုကြည့်ပါ။ ထာဝရဘုရားသည် မင်းကြီး၏ပရောဖက်အပေါင်းတို့နှုတ်၌ မုသားမြွက်ဆိုသောဝိညာဉ်ကို သွင်းတော်မူပြီ။ မင်းကြီးလည်း ဘေးဆိုးနှင့်ကြုံရမည်ဟူ၍ ထာဝရဘုရားမိန့်ဆိုလေပြီ”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible22 ထိုနောက်မိက္ခာက``ထာဝရဘုရားသည်ဤပရော ဖက်တို့ကိုအရှင့်အားလိမ်လည်ဟောပြောစေ တော်မူ၏။ သို့ရာတွင်အရှင်တွေ့ကြုံရမည့်ဘေး အန္တရာယ်ကိုမူထာဝရဘုရားကိုယ်တော်တိုင် စီရင်ခွဲခန့်ထားတော်မူ၏'' ဟုဆိုလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible22 သို့ ဖြစ် ၍ ထာ ဝ ရ ဘု ရား သည်၊ ထို ပ ရော ဖက် တို့ နှုတ် တွင် လှည့် ပတ် သော နတ် ပူး ကပ် စေ တော် မူ သည့် အ တိုင်း၊ ဘု ရင် မင်း အ ပေါ် ၌ လည်း၊ အ မင်္ဂ လာ ဗျာ ဒိတ် ကို ပေး တော် မူ ခဲ့ ပြီ ဟု ဖော် ပြ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible22 သို့ဖြစ်၍ ထာဝရဘုရားသည် မုသားစကားကို ပြောတတ်သော စိတ်ဝိညာဉ်ကို မင်းကြီး၏ပရောဖက်အပေါင်းတို့၌ သွင်းတော်မူပြီ။ မင်းကြီး၏အမှုမှာ အမင်္ဂလာစကားကို ပြောတော်မူပြီဟု ဟောလေ၏။ အခန်းကိုကြည့်ပါ။ |
အစ္စရေးဘုရင်က ယောရှဖတ်မင်းကြီးအား “ထာဝရဘုရားကို မေးမြန်းပေးမည့်သူတစ်ဦး ရှိပါသေး၏။ သို့သော် သူ့ကို ငါမုန်း၏။ အကြောင်းမူကား သူသည် ငါနှင့်ပတ်သက်လျှင် မည်သည့်အခါမျှ အကောင်းကိုမဟော။ သူ့တစ်သက်မှာ အဆိုးကိုသာ ဟောလေ့ရှိ၏။ သူသည် ဣမလ၏သားမိက္ခာယ ဖြစ်၏”ဟု ပြန်ပြော၏။ ယောရှဖတ်မင်းကြီးကလည်း သူ့အား “မင်းကြီး၊ ထိုသို့မပြောပါနှင့်”ဟု ပြန်ပြော၏။
ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။