Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ​ချုပ် 17:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

14 ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်းဝင်​သော​သူ​များ​ကား ယုဒ​အမျိုး​မှ ထောင်တပ်မှူး အာဒန​နှင့် စစ်သူရဲ​အယောက်​သုံးသိန်း​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

14 သား​ချင်း​စု​များ​အ​လိုက်​နေ​ရာ​ချ​ထား တော်​မူ​၏။ ယု​ဒ​အ​နွယ်​ဝင်​တို့​၏​တပ်​မှူး သည်​အာ​ဒ​န​ဖြစ်​၍ သူ​၏​လက်​အောက် တွင်​စစ်​သည်​သုံး​သိန်း​ရှိ​လေ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

14 အိမ် ထောင် များ အ လိုက် စာ ရင်း ဝင် သော ယု ဒ အ နွယ်၊ ထောင် တပ် မှူး တို့ မှာ၊ ဗိုလ် မှူး အာ ဒ န နှင့် စစ် ခေါင်း မာ သူ သုံး သိန်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

14 စစ်​သူ​ရဲ​အ​ဆွေ​အ​မျိုး အ​လိုက်​ယူ​သော စာ​ရင်း​ဟူ​မူ​ကား၊ ယု​ဒ​အ​မျိုး ဗိုလ်​ချုပ်​မင်း​အာ​ဒ​န​နှင့် ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​သုံး​သိန်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ​ချုပ် 17:14
11 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် သင့်​ကို ကြီးမြတ်​သော​လူမျိုး​ဖြစ်​စေ​မည်​။ သင့်​ကို ငါ​ကောင်းချီးပေး​၍ သင်​၏​အမည်နာမ​ကို ကြီးမြတ်​စေ​သဖြင့် သင်​သည် ကောင်းချီးမင်္ဂလာ​ဖြစ်​လိမ့်မည်​။


ငါ​သည် သင်​၏​သားစဉ်မြေးဆက်​ကို မြေမှုန့်​ကဲ့သို့​များပြား​စေ​မည်​။ သို့ဖြစ်၍ တစ်စုံတစ်ယောက်​သည် မြေမှုန့်​ကို​ရေတွက်​နိုင်​လျှင် သင်​၏​သားစဉ်မြေးဆက်​ကို​လည်း ရေတွက်​နိုင်​လိမ့်မည်​။


ထို့နောက် ကိုယ်တော်​သည် သူ့​ကို အပြင်​သို့​ခေါ်ဆောင်​သွား​ပြီးလျှင် “​မိုးကောင်းကင်​ကို​မော့ကြည့်​လော့​။ ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​လော့​”​ဟု မိန့်​တော်မူ​၏​။ တစ်ဖန် ကိုယ်တော်​က “​သင်​၏​သားစဉ်မြေးဆက်​သည် ထိုသို့​ဖြစ်​လိမ့်မည်​”​ဟု သူ့​အား​မိန့်​တော်မူ​၏​။


ရောဗောင်​မင်းကြီး​သည် ဂျေရုဆလင်​မြို့​သို့​ရောက်လာ​လျှင် အစ္စရေး​လူမျိုး​တို့​ကို​တိုက်ခိုက်​ပြီး ရောဗောင်​အဖို့ နိုင်ငံ​တော်​ပြန်ရယူ​ရန် ယုဒ​အမျိုးအနွယ်​နှင့် ဗင်္ယာမိန်​အမျိုးအနွယ်​တို့​မှ လက်ရွေးစင်​စစ်သား​တစ်သိန်း​ရှစ်သောင်း​ကို စုဝေး​စေ​၏​။


အဘိယ​မင်းကြီး​သည် လက်ရွေးစင်​စစ်သူရဲ​အယောက်​လေး​သိန်း​တို့​နှင့်အတူ စစ်ချီထွက်​၏​။ ယေရောဗောင်​မင်းကြီး​သည်​လည်း လက်ရွေးစင်​စစ်သူရဲ​အယောက်​ရှစ်သိန်း​နှင့်အတူ အဘိယ​မင်းကြီး​ကို တိုက်ခိုက်​ရန် စစ်ချီ​လာ​၏​။


အာသ​မင်းကြီး​၌ ယုဒ​အမျိုး​တွင် ဒိုင်းလွှားကြီး​နှင့်​လှံ​ကိုင်စွဲ​သူ စစ်သည်​သုံးသိန်း​၊ ဗင်္ယာမိန်​အမျိုး​တွင် ဒိုင်းလွှားငယ်​ကိုင်စွဲ​သူ​နှင့် လေးသည်တော် နှစ်သိန်း​ရှစ်သောင်း ရှိ​၏​။ သူ​တို့​အားလုံး​သည် ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ဖြစ်​ကြ​၏​။


ယုဒ​မြို့ရွာ​တို့​တွင် သူ​၏​လုပ်ငန်း မြောက်မြား​စွာ​ရှိ​၏​။ ဂျေရုဆလင်​မြို့​တွင်​လည်း ရဲစွမ်းသတ္တိ​ထက်မြက်​သော​စစ်သူရဲ​များ ရှိ​၏​။


သူ့​လက်အောက်​တွင် တပ်မှူးကြီး​ယေဟောဟနန်​နှင့် စစ်သည်တော်​အယောက်​နှစ်သိန်း​ရှစ်သောင်း​၊


သူ​တို့​လက်​အောက်​၌ ရှင်ဘုရင်​ကို​ကူညီ​ပြီး ရန်သူ​ကို​တိုက်ခိုက်​ရာ​တွင် စစ်ရေးလေ့ကျင့်​ထား​၍ ရဲစွမ်းသတ္တိ​ရှိ​သော​စစ်သည်​ဦးရေ သုံးသိန်း​ခုနစ်​ထောင့်​ငါး​ရာ ရှိ​၏​။


ဒုတိယ​လ​၊ ပထမ​နေ့​၌ လူထု​အပေါင်း​တို့​ကို စုရုံး​စေ​ပြီးလျှင် အသက်​နှစ်ဆယ်​အရွယ်​နှင့်​အထက်​ရှိ​သူ တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လေ​၏​။


“​အစ္စရေး​အမျိုးသား​လူထု​အပေါင်း​တို့​ထဲမှ ယောက်ျား​အားလုံး တစ်ဦးချင်းစီ​၏​အမည်​စာရင်း​ကို သူ​တို့​၏​မျိုးနွယ်စု​အလိုက်​၊ ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စာရင်း​ကောက်ယူ​လော့​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ