၂ ရာချုပ် 14:4 - မြန်မာ့စံမီသမ္မာကျမ်း4 သူသည် ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားကို ရှာ၍ ကိုယ်တော်မိန့်တော်မူခဲ့သောပညတ်ချက်များကို လိုက်လျှောက်ရန် ယုဒလူမျိုးတို့အား မိန့်မှာ၏။ အခန်းကိုကြည့်ပါ။Common Language Bible4 ယုဒပြည်သူတို့အားမိမိတို့ဘိုးဘေးများ ၏ ဘုရားသခင်ထာဝရဘုရားအလိုတော် ကိုလိုက်လျှောက်ကြရန်နှင့်ကိုယ်တော်၏ တရားတော်၊ ပညတ်တော်တို့ကိုစောင့်ထိန်း ကြရန်အမိန့်ပေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible4 ယု ဒ အ မျိုး အား၊ ဘိုး ဘေး တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ လျက် ပ ညတ် တော် နှင့် တ ရား တော် အ တိုင်း ပြု ကျင့် စေ ရန်၊ ထုတ် ဆင့် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ယုဒလူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို ရှာ၍၊ ပညတ်တရားကို စောင့်ရှောက်မည်အကြောင်း မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် တိုင်းပြည်အတွက်၊ သန့်ရှင်းရာဌာနတော်အတွက်၊ ယုဒပြည်သူတို့အတွက် အပြစ်ဖြေရာယဇ်အဖြစ် နွားထီး ခုနစ်ကောင်၊ သိုးထီး ခုနစ်ကောင်၊ သိုးသငယ် ခုနစ်ကောင်၊ ဆိတ်ထီး ခုနစ်ကောင်တို့ကို ယူဆောင်လာပြီး ဟေဇကိမင်းကြီးက အာရုန်၏သားမြေးယဇ်ပုရောဟိတ်တို့အား ထာဝရဘုရား၏ယဇ်ပလ္လင်ပေါ်တွင်ပူဇော်ရန် မိန့်ဆို၏။
ထာဝရဘုရားကို ဝတ်မပြုသင့်ဟု သင်တို့ထင်မှတ်လျှင် ယနေ့ သင်တို့ဝတ်ပြုလိုသည့်ဘုရားကို သင်တို့ရွေးချယ်လော့။ ယူဖရေးတီးမြစ်တစ်ဖက်ကမ်း၌ သင်တို့ဘိုးဘေးဝတ်ပြုခဲ့သောအခြားဘုရားများကို ဝတ်ပြုမည်လော၊ သင်တို့နေထိုင်ရာပြည်ရှိ အာမောရိလူမျိုးတို့၏ဘုရားကို ဝတ်ပြုမည်လော။ ငါနှင့်ငါ့အိမ်သူအိမ်သားတို့မူကား ထာဝရဘုရားကိုသာ ဝတ်ပြုမည်”ဟု ဆို၏။
အကြောင်းမူကား အာဗြဟံသည် သူ၏သားသမီးတို့နှင့် နောင်လာမည့်သူ၏အမျိုးအနွယ်တို့အား ဖြောင့်မတ်သောအမှု၊ တရားမျှတသောအမှုကိုပြုကျင့်၍ ထာဝရဘုရား၏လမ်းတော်ကိုစောင့်ထိန်းကြစေရန် မှာကြားခြင်းအားဖြင့် သူ့အားထာဝရဘုရားမိန့်တော်မူခဲ့သောအရာကို သူ၌ပြည့်စုံစေမည့်အကြောင်း သူ့ကို ငါရွေးကောက်ထားပြီ”ဟု မိန့်တော်မူ၏။