၂ ရာ 7:25 - မြန်မာ့စံမီသမ္မာကျမ်း25 အို ဘုရားသခင်ထာဝရဘုရား၊ ယခုမှာ ကိုယ်တော့်အစေအပါးအတွက်၊ ကိုယ်တော့်အစေအပါး၏အမျိုးအနွယ်အတွက် ကိုယ်တော်ထားတော်မူသောကတိတော်ကို အစဉ်တည်စေတော်မူပါ။ ကတိတော်အတိုင်းလည်း ပြုပေးတော်မူပါ။ အခန်းကိုကြည့်ပါ။Common Language Bible25 ``အို ဘုရားသခင်၊ ထာဝရဘုရား၊ ကိုယ်တော့် ကျွန်နှင့်အိမ်ထောင်အတွက်ပေးတော်မူသော ကတိတော်ကိုထာဝစဉ်တည်မြဲစေတော် မူ၍ ကိုယ်တော်ရှင်မိန့်တော်မူသည့်အတိုင်း ပြုတော်မူပါ။- အခန်းကိုကြည့်ပါ။Garrad Bible25 အို ထာ ဝ ရ ဘု ရား၊ ကျွန် တော် မျိုး နှင့် အိမ် ထောင် ပါ ရည်၍ မိန့် တော် မူ ချက် ကို ယ ခု အ မြဲ အ တည် ပြု လျက် အ မိန့် တော် အ တိုင်း ပြု တော် မူ ပါ။ အို ထာ ဝ ရ ဘု ရား သ ခင် အခန်းကိုကြည့်ပါ။Judson Bible25 ယခုမှာ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော်ကျွန်၌လည်းကောင်း၊ ကိုယ်တော်ကျွန်၏ အမျိုးအနွယ်၌လည်းကောင်း၊ မိန့်တော်မူသော စကားတော်ကို အစဉ်အမြဲတည်စေတော်မူပါ။ မိန့်တော်မူသည်အတိုင်း ပြုတော်မူပါ။ အခန်းကိုကြည့်ပါ။ |
ထို့ပြင် ‘သင်၏သားမြေးတို့သည် သူတို့သွားရာလမ်းတွင် စိတ်နှလုံးအကြွင်းမဲ့၊ စိတ်ဝိညာဉ်အကြွင်းမဲ့ သစ္စာရှိလျက် ငါ့မျက်မှောက်၌အသက်ရှင်လျှောက်လှမ်းရန် စောင့်ထိန်းကြမည်ဆိုလျှင် အစ္စရေးလူမျိုး၏ရာဇပလ္လင်ပေါ်တွင် သင်၏မျိုးဆက်မပြတ်ရ’ဟု ငါ့အား ကတိထားခဲ့သည့်စကားတော်အတိုင်း ထာဝရဘုရားပြုတော်မူမည်။