၂ ရာ 3:12 - မြန်မာ့စံမီသမ္မာကျမ်း12 ထို့နောက် အာဗနာသည် မိမိကိုယ်စား ဒါဝိဒ်မင်းကြီးထံ တမန်ကိုလွှတ်၍ “ဤပြည်ကို မည်သူပိုင်သနည်း။ အကျွန်ုပ်နှင့် မဟာမိတ်ဖွဲ့ပါလော့။ အစ္စရေးလူမျိုးတစ်မျိုးလုံး အရှင့်ဘက်ပါလာအောင် အကျွန်ုပ်ကူညီပါမည်”ဟု လျှောက်စေ၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 ထို နောက် အာ ဗ နာ သည် ဒါ ဝိဒ် မင်း ထံ ကိုယ့် အ တွက် တ မန် တို့ ကို စေ၍ ဤ ပြည် ကား မည် သူ့ လက် ဝယ် ပါ သ နည်း ဟူ ၍ လည်း ကောင်း၊ ကျွန် တော် နှင့် သ စ္စာ မိတ် ဖွဲ့ တော် မူ လျှင် အ ရှင့် ထံ ဣ သ ရေ လ တစ် မျိုး လုံး ညွှတ် စေ ရန် ကျွန် တော့် လက် ရုံး သည် အ ရှင့် လက် ရုံး ဖြစ် ပါ လိမ့် မည် ဟူ၍ လည်း ကောင်း၊ တင် ဆက် သော်၊ အခန်းကိုကြည့်ပါ။Judson Bible12 ထိုနောက် အာဗနာသည် မိမိအတွက် သံတမန်တို့ကို ဒါဝိဒ်ထံသို့စေလွှတ်၍၊ ပြည့်ရှင်မင်းကား အဘယ်သူနည်း။ ကျွန်တော်နှင့် မိတ်သဟာယဖွဲ့တော်မူပါ။ ဣသရေလအမျိုးအပေါင်းတို့ကို ကိုယ်တော်ထံသို့ ပြောင်းလဲစေခြင်းငှာ၊ ကျွန်တော်သည် ကိုယ်တော်ဘက်သို့ ဝင်စားပါမည်ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ထို့နောက် အစ္စရေးအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင်ထံသို့ လာပြီး ရှင်ဘုရင်အား “အကျွန်ုပ်တို့၏ညီအစ်ကို ယုဒအမျိုးသားတို့သည် အရှင့်ကို အဘယ်ကြောင့် ခိုးယူပြီး အရှင်မင်းကြီးမှစ၍ နန်းတွင်းသူနန်းတွင်းသားများနှင့်တကွ ဒါဝိဒ်မင်းကြီး၏လူအားလုံးကို ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ ကူးစေကြသနည်း”ဟု လျှောက်တင်ကြ၏။
အရှင်မင်းကြီးသည် အရှင့်အား မုန်းသောသူကိုချစ်ပြီး အရှင့်အားချစ်သောသူကို မုန်းလေပြီ။ မှူးမတ်များ၊ မင်းမှုထမ်းများသည် အရှင့်အဖို့ ဘာမျှမဟုတ်ကြောင်းကို ယနေ့ အရှင်မင်းကြီး ထင်ထင်ရှားရှားဖော်ပြလိုက်ပြီ။ အဗရှလုံအသက်ရှင်ကျန်ခဲ့ပြီး ယနေ့ အကျွန်ုပ်တို့အားလုံး သေသွားလျှင်ပင် အရှင်မင်းကြီးအားရဝမ်းသာဖြစ်မည်ကို ယနေ့ အကျွန်ုပ်သိရပါပြီ။
အာဗနာက ဒါဝိဒ်မင်းကြီးအား “အစ္စရေးတစ်မျိုးနွယ်လုံးအရှင်မင်းကြီးထံရောက်လာ၍ အရှင့်ထံ၌ ကတိသစ္စာခံကြမည့်အကြောင်း၊ အရှင်မင်းကြီးစိတ်ရှိသည့်အတိုင်း သူတို့ကို အုပ်စိုးနိုင်မည့်အကြောင်း အကျွန်ုပ်ထသွား၍ သူတို့ကို စုရုံးပါမည်”ဟု ဆိုလျှင် ဒါဝိဒ်မင်းကြီးပြန်ခွင့်ပြုသဖြင့် အာဗနာလည်း အေးချမ်းစွာပြန်သွားလေ၏။