၂ ရာ 17:16 - မြန်မာ့စံမီသမ္မာကျမ်း16 ယခု ချက်ချင်း ဒါဝိဒ်မင်းကြီးထံသို့ လူလွှတ်ပြီး ‘ကန္တာရလွင်ပြင်၌ ညအိပ်မနားဘဲ ခရီးဆက်သွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအားလုံး ဝါးမျိုခြင်း ခံရလိမ့်မည်’ဟူ၍ ကြားလျှောက်လော့”ဟု မှာကြားလိုက်၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ထိုနောက်ဟုရှဲက``လူတစ်ယောက်ကိုစေ လွှတ်၍ဒါဝိဒ်မင်းအား`တောကန္တာရကူးတို့ ဆိပ်တွင်ညဥ့်အိပ်တော်မမူပါနှင့်။ ယော်ဒန် မြစ်တစ်ဘက်ကမ်းသို့ချက်ချင်းကူးတော် မူပါ။ သို့မှသာလျှင်အရှင်နှင့်အရှင့်လူ တို့သည်သေဘေးမှလွတ်မြောက်ကြပါ လိမ့်မည်' ဟုလျှောက်ထားစေလော့'' ဟုမှာ ကြားလေသည်။ အခန်းကိုကြည့်ပါ။Garrad Bible16 ထို ကြောင့် ဒါ ဝိဒ် မင်း ထံ အ မြန် စေ လွှတ် လျက် ဘု ရင် မင်း မှ စ၍ နောက် တော် ပါ အ ပေါင်း တို့ ဘေး လွတ် စေ ခြင်း ငှါ ယ ခု ညဉ့် ပင် တော စ ကူး တို့ ဆိပ် တွင် ချ ရပ် တော် မ မူ ဘဲ အ ဆော တ လျင် ကူး ချီ တော် မူ ပါ ဟု ကြား လျှောက် စေ ရန် ပြော ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible16 သို့ဖြစ်၍ ဒါဝိဒ်ထံသို့ အလျင်အမြန်စေလွှတ်၍ ယနေ့ညမှာ တောလွင်ပြင်၌ မနေပါနှင့်။ အလျင်အမြန် ကူးသွားပါ။ သို့မဟုတ်လျှင် ရှင်ဘုရင်နှင့်လူအပေါင်းတို့သည် ဆုံးရှုံးခြင်းသို့ ရောက်ကြလိမ့်မည်ဟု ကြားလျှောက်မည်အကြောင်း မှာလိုက်သဖြင့်၊ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း ဂျေရုဆလင်မြို့ရှိ မိမိထံခစားသောမင်းမှုထမ်းအပေါင်းတို့အား “ထကြ။ ယခု ငါတို့ ထွက်ပြေးကြရမည်။ မဟုတ်လျှင် အဗရှလုံလက်မှ လွတ်မည်မဟုတ်။ ငါတို့ အလျင်အမြန်ထွက်သွားရမည်။ မဟုတ်လျှင် သူသည် ငါတို့ကိုလိုက်မီ၍ အန္တရာယ်ပြုလိမ့်မည်။ မြို့သားတို့ကိုလည်း ဓားနှင့်သတ်လိမ့်မည်”ဟု မိန့်ဆို၏။