၂ ရာ 14:10 - မြန်မာ့စံမီသမ္မာကျမ်း10 ရှင်ဘုရင်ကလည်း “သင့်အား ထပ်၍ပြောဆိုနှောင့်ယှက်သောသူရှိလျှင် ငါ့ထံသို့ခေါ်လာပါ။ သင့်ကို နောက်ထပ် မထိပါးစေရ”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible10 မင်းကြီးက``အကယ်၍သင့်အားခြိမ်းခြောက် သူရှိလျှင်သူ့အားငါ့ထံသို့ခေါ်ခဲ့လော့။ သူ သည်သင့်ကိုနောက်တစ်ဖန်မနှောင့်ယှက်ရ'' ဟု ဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible10 သင်၌ အ ပြစ် တင်သူ့ ကို ငါ ထံ သို့ ခေါ် ခဲ့ လော့။ နောက် တစ် ဖန် အ ပြစ် တင် ရ မည် မ ဟုတ် ဟု အခန်းကိုကြည့်ပါ။Judson Bible10 ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တစ်ဖန် သင့်ကို မနှောင့်ယှက်ရဟု မိန့်တော်မူသော်၊ အခန်းကိုကြည့်ပါ။ |
ထိုအမျိုးသမီးက “အရှင်မင်းကြီး၊ သွေးကြွေးတောင်းသောသူတို့သည် လူ့အသက်ကို ထပ်၍မသတ်ကြစေရန်၊ အကျွန်ုပ်၏သားကိုမဖျက်ဆီးကြစေရန် အရှင်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားကို အောက်မေ့တော်မူပါ”ဟု လျှောက်ပြန်လျှင် ရှင်ဘုရင်က “ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ သင့်သား၏ဆံချည်တစ်မျှင်မျှ မြေပေါ်မကျစေရ”ဟု ပြန်မိန့်ဆို၏။