၂ ယော 1:3 - မြန်မာ့စံမီသမ္မာကျမ်း3 ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်သက်ခြင်းသည် သမ္မာတရားနှင့်ချစ်ခြင်းမေတ္တာတို့ကိုအမှီပြုလျက် ငါတို့၌ရှိပါစေသော။ အခန်းကိုကြည့်ပါ။Common Language Bible3 ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော်ယေရှုခရစ်ထံတော် မှလည်းကောင်း၊ ကျေးဇူးတော်၊ ကရုဏာတော် နှင့်ငြိမ်သက်ခြင်းသည်သမ္မာတရားကိုသိ၍ အချင်းချင်းချစ်ကြသောငါတို့အပေါ်သို့ သက်ရောက်ပါစေသော။ အခန်းကိုကြည့်ပါ။Garrad Bible3 ခ မည်း တော် ဘု ရား သ ခင် နှင့် ခ မည်း တော်၏ သား တော် ယေ ရှု ခ ရစ် အ ထံ တော် မှ ကျေး ဇူး၊ က ရု ဏာ၊ ငြိမ် သက် ခြင်း များ သည် သ မ္မာ တ ရား၊ မေ တ္တာ တ ရား အား ဖြင့် ငါ တို့ နှင့် အ တူ ရှိ လိမ့် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible3 ခမည်းတော်ဘုရားထံတော်ကလည်းကောင်း၊ ခမည်းတော်၏ သားတော်ယေရှုခရစ် အထံကလည်းကောင်း၊ သမ္မာတရား၊ မေတ္တာတရားနှင့်တကွ၊ ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း3 ခမည်းတော်ဘုရားသခင်ထံမှလည်းကောင်း၊ ခမည်းတော်၏သားတော် ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်၊ ကရုဏာတော်နှင့် ငြိမ်းချမ်းခြင်းသည် သမ္မာတရားကို သိ၍ အချင်းချင်းချစ်ကြသောကျွန်ုပ်တို့အပေါ် သက်ရောက်ပါစေသော။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “စတုတ္ထလအစာရှောင်ခြင်း၊ ပဉ္စမလအစာရှောင်ခြင်း၊ သတ္တမလအစာရှောင်ခြင်း၊ ဒသမလအစာရှောင်ခြင်းတို့သည် ယုဒအမျိုးအနွယ်အဖို့ ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ၊ ပျော်ရွှင်ဖွယ်ရာပွဲတော်များ ဖြစ်လိမ့်မည်။ ထို့ကြောင့် သစ္စာရှိခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို မြတ်နိုးကြလော့”ဟု မိန့်တော်မူ၏။