၂ ပေ 2:11 - မြန်မာ့စံမီသမ္မာကျမ်း11 ကောင်းကင်တမန်တို့သည် သူတို့ထက်ကြီးမားသောအစွမ်းသတ္တိနှင့်တန်ခိုးရှိကြသော်လည်း ထာဝရဘုရားရှေ့တော်၌ သူတို့အပေါ် ရှုတ်ချပြစ်တင်သည့်စီရင်ခြင်းကို မပြုကြ။ အခန်းကိုကြည့်ပါ။Common Language Bible11 ဤမိစ္ဆာဆရာတို့ထက်များစွာတန်ခိုးစွမ်း ရည်ကြီးသောကောင်းကင်တမန်များပင် လျှင် သူတို့အားထာဝရဘုရား၏ရှေ့ တော်မှောက်တွင်စော်ကားပြောဆိုခြင်းကို မပြုကြ။- အခန်းကိုကြည့်ပါ။Judson Bible11 ကောင်းကင်တမန်တို့မူကား၊ သူတို့ထက် ခွန်အားတန်ခိုးကြီးသော်လည်း၊ ထာဝရဘုရားရှေ့တော်၌ သူတို့အားကဲ့ရဲ့စွာသော ပြစ်တင်ခြင်းကို မပြုကြ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း11 သို့ရာတွင် ထိုသူတို့ထက် ခွန်အား၊ တန်ခိုး ပို၍ ကြီးမားသော ကောင်းကင်တမန်များပင် ထာဝရဘုရားရှေ့တော်၌ ထိုဘုန်းတန်ခိုးကြီးသူတို့အား စော်ကားပြောဆိုသည့် စီရင်မှုကို မပြုကြ။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကိုစေလွှတ်၍ ခြင်္သေ့တို့၏နှုတ်ကိုပိတ်ထားသဖြင့် ခြင်္သေ့တို့သည် အကျွန်ုပ်ကို အန္တရာယ်မပြုပါ။ အကျွန်ုပ်သည် ဘုရားသခင်ရှေ့တော်၌ အပြစ်ကင်းကြောင်း ထင်ရှားပါ၏။ အရှင်မင်းကြီးရှေ့တွင်လည်း မည်သည့်ပြစ်မှုမျှ မကျူးလွန်ခဲ့ပါ”ဟု ပြန်လျှောက်လေ၏။