၁ ရာချုပ် 9:16 - မြန်မာ့စံမီသမ္မာကျမ်း16 ယေဒုသုန်၏မြစ်၊ ဂလာလ၏မြေး၊ ရှေမာယ၏သား ဩဗဒိနှင့် နေတောဖာသိရွာသားဖြစ်သော ဧလကာန၏မြေး၊ အာသ၏သား ဗေရခိ တို့လည်းပါကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible16 ယေ ဒု သုန့် မြစ်၊ ဂ လာ လ မြေး၊ ရှေ မာ ယ သား၊ သြ ဗ ဒိ။ နေ တော ဖ ရွာ စဉ် နေ ဧ လာ ကာ န မြေး၊ အာ သ သား၊ ဗေ ရ ခိ တို့ တည်း။ အခန်းကိုကြည့်ပါ။Judson Bible16 ယေဒုသုံ၊ ဂလာလ၊ ရှေမာယတို့မှ ဆင်းသက်သော ဩဗဒိတစ်ပါး၊ နေတောဖာသိရွာတို့တွင် နေသော ဧလကာနသား အာသ၏သား ဗေရခိတစ်ပါးတည်း။ အခန်းကိုကြည့်ပါ။ |
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။