ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။