၁ ရာချုပ် 17:21 - မြန်မာ့စံမီသမ္မာကျမ်း21 မြေကြီးပေါ်တွင် ဘုရားသခင်၏လူမျိုးတော်အစ္စရေးနှင့်တူသောလူမျိုး တစ်မျိုးမျိုးရှိပါသလော။ ဘုရားသခင်သည် ကိုယ်တိုင်ကြွတော်မူ၍ မိမိလူမျိုးတော်အဖြစ် သူတို့ကို ရွေးနုတ်တော်မူခဲ့ပြီး ကြီးမြတ်၍အံ့ဖွယ်သောအမှုများပြုခြင်းဖြင့် နာမတော်ကို သိစေခဲ့ပါပြီ။ ကိုယ်တော်သည် သူတို့ကို အီဂျစ်ပြည်မှ ကယ်ထုတ်တော်မူခဲ့ပြီး သူတို့ရှေ့မှလူမျိုးခြားတို့ကို နှင်ထုတ်တော်မူခဲ့ပါ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 ကမ္ဘာမြေကြီးပေါ်တွင်ဣသရေလလူမျိုးနှင့် တူသောလူမျိုးမရှိပါ။ သူတို့အားကိုယ်တော် ရှင်သည်မိမိပိုင်တော်မူသောလူမျိုးတော်ဖြစ် လာစေရန် ကျွန်ဘဝမှကယ်ဆယ်တော်မူခဲ့ ပါ၏။ သူတို့အတွက်ကိုယ်တော်ပြုတော်မူ သောကြီးမြတ်၍အံ့သြဖွယ်ကောင်းသည့် အမှုများကြောင့် ဂုဏ်သတင်းတော်သည်ကမ္ဘာ သို့ပျံ့နှံ့ပါ၏။ ကိုယ်တော်ရှင်သည်မိမိ၏ လူစုတော်အားအီဂျစ်ပြည်မှကယ်ဆယ် တော်မူခဲ့ပြီးလျှင် သူတို့ချီတက်လာကြ သောအခါအခြားလူမျိုးအပေါင်းတို့ ကိုနှင်ထုတ်တော်မူပါ၏။- အခန်းကိုကြည့်ပါ။Garrad Bible21 အိ ဂျစ် ပြည် မှ ရွေး နုတ် တော် မူ ခဲ့ သော လူ မျိုး တော် ရှေ့၊ လူ မျိုး ခြား တို့ ကို နှင် ထုတ် လျက် ကြောက် မက် ဖွယ် အ မှု ကြီး များ ဖြင့် ကျော် စော ကိ တ္တိ ရ အံ့ သော ငှါ ကိုယ် တော် တိုင် ကြွ၍ ပိုင် ရာ တော် အ ဖြစ် ရွေး နုတ် တော် မူ သော ဣ သ ရေ လ လူ မျိုး ကဲ့ သို့ မြေ ကြီး ပေါ် တွင် လူ တစ် မျိုး ရှိ သေး သ လော။ အခန်းကိုကြည့်ပါ။Judson Bible21 အဲဂုတ္တုပြည်မှ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူမျိုးရှေ့မှ လူအမျိုးမျိုးတို့ကို နှင်ထုတ်သဖြင့်၊ ကြီးမြတ်၍ ကြောက်မက်ဖွယ်သော နာမတော်ကို ကိုယ်တော်အဖို့ ထင်ရှားစေခြင်းငှာ၊ ဘုရားသခင်ကြွ၍ ကိုယ်တော်အဖို့ ရွေးနုတ်တော်မူသော ကိုယ်တော်၏လူဣသရေလအမျိုးနှင့်တူသော လူမျိုးတစ်စုံတစ်မျိုးသည် မြေကြီးပေါ်မှာရှိပါသလော။ အခန်းကိုကြည့်ပါ။ |
ဖာရောမင်းကြီးအပါအဝင် သူ၏အစေအပါးအပေါင်းတို့နှင့် ပြည်သူပြည်သားအပေါင်းတို့ကို ဆန့်ကျင်၍ နိမိတ်လက္ခဏာများ၊ အံ့ဖွယ်အမှုများကို ကိုယ်တော်ပြတော်မူပါ၏။ အကြောင်းမူကား သူတို့သည် ဘိုးဘေးတို့အား ဖိနှိပ်ညှဉ်းဆဲကြသည်ကို ကိုယ်တော်သိတော်မူ၍ ကိုယ်တော်သည် နာမတော်ကို ယနေ့တိုင် ထင်ရှားစေတော်မူပြီ။