၁ ရာချုပ် 16:35 - မြန်မာ့စံမီသမ္မာကျမ်း
35 “အကျွန်ုပ်တို့၏ကယ်တင်ရှင်၊ အကျွန်ုပ်တို့၏ဘုရားသခင်၊ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ သန့်ရှင်းသောနာမတော်ကို ချီးမွမ်း၍ ဂုဏ်ကျေးဇူးတော်ကို ထောမနာပြုနိုင်ရန် လူမျိုးတကာတို့ထံမှ အကျွန်ုပ်တို့ကို စုစည်း၍ကယ်နုတ်တော်မူပါ”ဟု တောင်းလျှောက်ကြလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
35 ``ကျွန်တော်မျိုးတို့သည်ကျေးဇူးတော်ကိုချီးမွမ်း၍ ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သော နာမတော်ကို ထောမနာပြုကြစေရန်ကျွန်တော်မျိုးတို့၏ ကယ်တင်ရှင်ဘုရားသခင် ကျွန်တော်မျိုးတို့ကိုကယ်တင်တော်မူပါ။ ကျွန်တော်မျိုးတို့ကိုစုရုံး၍ကျွန်တော်မျိုးတို့အား လူမျိုးတကာတို့၏လက်မှကယ်တော်မူပါ'' ဟု ကိုယ်တော်အားမြွက်ဆိုကြလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
35 ကယ် တင် တော် မူ သော အို ဘု ရား သ ခင်၊ သန့် ရှင်း သော နာ မ တော် ၏ ကျေး ဇူး တော် ကို ချီး မွမ်း ၍ ထော မ နာ ပြု ခြင်း၌ ဂုဏ် ရောက် ရ ကြ မည့် အ ကြောင်း အ ကျွန်ုပ် တို့ ကို ကယ် လျက် လူ မျိုး ခြား တို့ ဘောင် မှ စု သိမ်း လွှတ် ထား တော် မူ ပါ ဟု တောင်း လျှောက် ကြ လော့။
အခန်းကိုကြည့်ပါ။ ကော်ပီ
35 အကျွန်ုပ်တို့ကို ကယ်တင်တော်မူသောဘုရား၊ အကျွန်ုပ်တို့သည် သန့်ရှင်းသောနာမတော် ဂုဏ်ကျေးဇူးကိုဝန်ခံ၍ ကျေးဇူးတော်ကို ချီးမွမ်းခြင်း၌ ဝါကြွားဝမ်းမြောက်မည်အကြောင်း အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။ တစ်ပါးအမျိုးသားထဲကနုတ်၍ စုဝေးစေတော်မူပါဟု မြွက်ဆိုကြလော့။
အခန်းကိုကြည့်ပါ။ ကော်ပီ