၁ ရာချုပ် 16:33 - မြန်မာ့စံမီသမ္မာကျမ်း33 ထာဝရဘုရားသည် ကမ္ဘာမြေကြီးကို တရားစီရင်ရန် ကြွလာတော်မူမည်ဖြစ်၍ တောသစ်ပင်တို့သည် ရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible33 ထာဝရဘုရားသည်ကမ္ဘာလောကကိုအုပ်စိုး ရန် ကြွလာတော်မူသောအခါ၊ တောများရှိသစ်ပင်တို့သည်ရွှင်လန်းစွာ ကြွေးကြော်ကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible33 ထို အ ခါ မြေ ကြီး သား တို့ ကို တ ရား စီ ရင် ခြင်း ငှါ ကြွ လာ တော် မူ မည် ဖြစ်၍ တော ပင် များ သည် ထာ ဝ ရ ဘုရား ရှေ့ တော် တွင် ကျူး ဧ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible33 ထိုအခါ တော၌ ရှိသမျှသော အပင်တို့သည် ထာဝရဘုရားရှေ့တော်၌ ရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်တော်သည် မြေကြီးသားတို့ကို တရားစီရင်ခြင်းငှာ ကြွလာတော်မူ၏။ အခန်းကိုကြည့်ပါ။ |
ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူနှင့်အတူ ကွပ်မျက်သောအမှုမျိုးပြုခြင်းသည် ကိုယ်တော်နှင့်ဝေးပါစေ။ ဖြောင့်မတ်သောသူကို ဆိုးယုတ်သောသူကဲ့သို့ ခံစားစေသောအမှုသည် ကိုယ်တော်နှင့်ဝေးပါစေ။ ကမ္ဘာမြေတစ်ခွင်လုံးကိုတရားစီရင်တော်မူသောအရှင်သည် တရားမျှတစွာပြုတော်မူမည်မဟုတ်လော”ဟု လျှောက်လေ၏။
အို မိုးကောင်းကင်၊ ထိုသို့ ထာဝရဘုရား ပြုတော်မူပြီဖြစ်၍ ရွှင်လန်းစွာသီချင်းဆိုလော့။ မြေကြီး၏နက်ရှိုင်းသောအရပ်တို့၊ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အို တောင်တို့၊ ဟစ်ကြော်ကြလော့။ တောနှင့်တကွ သစ်ပင်အပေါင်းတို့၊ သီချင်းဆိုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ယာကုပ်အမျိုးကို ရွေးနုတ်တော်မူပြီ။ အစ္စရေးလူမျိုး၌ ဘုန်းထင်ရှားတော်မူပြီ။