၁ ရာချုပ် 12:23 - မြန်မာ့စံမီသမ္မာကျမ်း23 ထာဝရဘုရား၏နှုတ်ထွက်စကားအတိုင်း နိုင်ငံတော်ကို ရှောလုမင်းကြီးမှ ဒါဝိဒ်ထံလွှဲအပ်မည်ဖြစ်သောကြောင့် ဟေဗြုန်မြို့ရှိဒါဝိဒ်ထံသို့ ဝင်ရာက်လာသောလက်နက်ကိုင်စစ်သည်အကြီးအကဲတို့၏အရေအတွက်မှာ အခန်းကိုကြည့်ပါ။Common Language Bible23-37 ထာဝရဘုရားကတိတော်ရှိသည့်အတိုင်း ရှောလုမင်း၏နေရာတွင်ဒါဝိဒ်အားမင်း မြှောက်နိုင်ရေးအတွက်ကူညီဆောင်ရွက်ရန် စစ်အတတ်ကိုလေ့ကျင့်ပြီးသောစစ်သူရဲ အများပင်သူ၏တပ်မတော်သို့ဝင်ရောက် လာကြ၏။ ထိုသူတို့၏အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်သည်။ ဒိုင်းလွှားများနှင့်လှံများကိုင်ဆောင်လျက် စစ်လက်နက်အပြည့်အစုံပါသောယုဒ အနွယ်ဝင်စစ်သူရဲခြောက်ထောင့်ရှစ်ရာ။ ကောင်းစွာလေ့ကျင့်ပြီးသူရှိမောင်အနွယ် ဝင် စစ်သူရဲခုနစ်ထောင့်တစ်ရာ။ လေဝိအနွယ်ဝင်လူပေါင်းလေးထောင့်ခြောက်ရာ။ အာရုန်မှဆင်းသက်သောယောယဒ၏နောက်လိုက် လူပေါင်းသုံးထောင့်ခုနစ်ရာ။ စစ်တိုက်ကောင်းသူ၊လုလင်ပျိုဇာဒုတ်၏ဆွေမျိုး၊ ခေါင်းဆောင်နှစ်ဆယ့်နှစ်ဦး။ ရှောလု၏အနွယ်စုဖြစ်သောဗင်္ယာမိန်အနွယ်ဝင် လူပေါင်းသုံးထောင်။ (ဗင်္ယာမိန်အနွယ်မှလူများစု သည်ရှောလုမင်း၏သစ္စာတော်ကိုစောင့်သိကြသူ များဖြစ်၏။) ဧဖရိမ်စစ်သူရဲနှစ်သောင်းရှစ်ရာ။ သူတို့သည် မိမိတို့သားချင်းစုတွင်နာမည်ကျော်သူ များတည်း။ အနောက်ပိုင်းမနာရှေအမျိုးသားများမှ ဒါဝိဒ်အားမင်းမြှောက်နိုင်ရေးအတွက်သွား ရောက်ဆောင်ရွက်ရန် ရွေးချယ်ထားသူလူပေါင်း တစ်သောင်းရှစ်ထောင်။ ဣသခါအနွယ်ဝင်ခေါင်းဆောင်နှစ်ရာနှင့် သူတို့ ၏နောက်လိုက်များ (ဤခေါင်းဆောင်များသည် ဣသ ရေလအမျိုးသားတို့ပြုအပ်သောအမှုနှင့်ပြု ရန် အချိန်ကာလကိုသိရှိသူများဖြစ်ကြ၏။) ယုံကြည်စိတ်ချရ၍သစ္စာရှိသူဇာဗုလုန် အနွယ်ဝင်လူငါးသောင်း။ သူတို့သည်စစ်တိုက် ရန်အဆင်သင့်ရှိကြလျက်လက်နက်မျိုးစုံ ကိုကိုင်ဆောင်တတ်သူများဖြစ်ကြ၏။ ဒိုင်းလွှား၊ လှံတံကိုင်ဆောင်သူလူသုံးသောင်းခုနစ် ထောင်နှင့်တကွ နဿလိအနွယ်ဝင်ခေါင်းဆောင် တစ်ထောင်။ စစ်အတတ်ကိုလေ့ကျင့်ထားပြီးသူ၊ ဒန်အနွယ်ဝင်စစ်သူရဲနှစ်သောင်းရှစ်ထောင်ခြောက် ရာ။ တိုက်ပွဲဝင်ရန်အသင့်ရှိသူအာရှာအနွယ်ဝင် လူပေါင်းလေးသောင်း။ ယော်ဒန်မြစ်အရှေ့ဘက်ကမ်းမှရုဗင်၊ ဂဒ်နှင့် အရှေ့မနာရှေအနွယ်ဝင်များထဲမှလက်နက် မျိုးစုံကိုင်ဆောင်တတ်သူ လူပေါင်းတစ်သိန်း နှစ်သောင်းတို့ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။Garrad Bible23 ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် အ တိုင်း၊ ရှော လု မင်း ၏ နိုင် ငံ ကို ဒါ ဝိဒ် လက် သို့ လွှဲ ပြောင်း ခြင်း ငှါ၊ ဟေ ဗြုန် မြို့ ရှိ ဒါ ဝိဒ် ထံ ဝင် လာ သူ၊ စစ် လက် နက် ကိုင် ရဲ မက် ဦး ရေ စာ ရင်း ဟူ မူ ကား အခန်းကိုကြည့်ပါ။Judson Bible23 ထာဝရဘုရား၏ အမိန့်တော်အတိုင်း၊ ရှောလု၏နိုင်ငံကို ဒါဝိဒ်လက်သို့လွှဲခြင်းငှာ ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ လာသောသူ၊ စစ်တိုက်လက်နက်စုံနှင့် ပြည့်စုံသော တပ်သားစာရင်းဟူမူကား၊ အခန်းကိုကြည့်ပါ။ |
တစ်ဖန် ထာဝရဘုရားက ရှမွေလအား “ရှောလုအဖို့ မည်သည့်အချိန်ထိ သင် ငိုကြွေးမြည်တမ်းနေမည်နည်း။ သူ့ကို အစ္စရေးလူမျိုးတို့၏ဘုရင်အဖြစ်မှ ငါ ပယ်လိုက်ပြီ။ သင့်ဦးချိုဆီဘူးကို ဆီဖြည့်၍သွားလော့။ ဗက်လင်မြို့သား ယေရှဲထံသို့ သင့်ကို ငါစေလွှတ်မည်။ ငါ့အဖို့ ရှင်ဘုရင်တစ်ပါးကို သူ၏သားများထဲမှာ ငါတွေ့ထားပြီ”ဟု မိန့်တော်မူ၏။