၁ ရာချုပ် 12:17 - မြန်မာ့စံမီသမ္မာကျမ်း17 ဒါဝိဒ်ကလည်း သူတို့ကိုထွက်တွေ့ပြီး “သင်တို့သည် ငါ့ကို ကူညီလို၍ ကောင်းကောင်းမွန်မွန်ရောက်လာခြင်းဖြစ်လျှင် ငါသည် သင်တို့နှင့် တစ်စိတ်တစ်သဘောတည်း ဖြစ်၏။ သို့သော် အမှားမပြုမိသောငါ့ကို ရန်သူတို့လက်သို့ အပ်ဖို့ သင်တို့လာခြင်းဖြစ်လျှင် ငါတို့ဘိုးဘေးတို့၏ဘုရားသခင်သည် သင်တို့ကို စီရင်တော်မူပါစေသော”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible17 ဒါဝိဒ်မင်းသည်သူတို့အားခရီးဦးကြိုပြု လျက်``သင်တို့သည်မိတ်ဆွေအဖြစ်ဖြင့်ငါ့ ကိုကူညီရန်လာရောက်ကြခြင်းဖြစ်ပါမူ ငါသည်သင်တို့အားကြိုဆိုလက်ခံပါ၏။ ငါတို့ဘက်သို့ဝင်ကြလော့။ သို့ရာတွင်သင် တို့သည်ငါ့အားရန်သူများလက်သို့အပ် ရန်လာလျှင်မူကား ငါသည်သင်တို့အား အနာတရပြုမည်မဟုတ်သော်လည်း ငါ တို့ဘိုးဘေးများ၏ဘုရားသည်သင်တို့ပြု သည့်အမှုကိုမြင်တော်မူ၍ သင်တို့အား အပြစ်ဒဏ်စီရင်တော်မူလိမ့်မည်'' ဟုဆို၏။ အခန်းကိုကြည့်ပါ။Garrad Bible17 ကြို ဆို ရန် ထွက် လာ သူ ဒါ ဝိဒ် က၊ ရန် မ မူ ဘဲ ငါ့ ကို အ ကူ အ ညီ လာ သည် မှန် လျှင် ငါ နှင့် တစ် စိတ် တစ် ကိုယ် တည်း ဖြစ် လိမ့် မည်။ ရန် သူ တို့ လက် သို့ ပို့ အပ် ရန် လာ လျှင် မူ ကား ငါ၌ လက် ရောက် မှု ကင်း သော ကြောင့် ဘိုး ဘေး တို့၏ ဘု ရား သ ခင် ရှု ကြည့် စီ ရင် တော် မူ ပါ စေ သော ဟု ဆို သော်၊ အခန်းကိုကြည့်ပါ။Judson Bible17 ဒါဝိဒ်သည် ကြိုဆိုခြင်းငှာ ထွက်သွား၍၊ ငါ့ကိုမစခြင်းငှာ မေတ္တာစိတ်နှင့်လာလျှင် ငါသဘောတူ၏။ သို့မဟုတ် ငါ့ကို ရန်သူလက်သို့အပ်ခြင်းငှာ လာလျှင် ငါ၌အပြစ်မရှိသောကြောင့်၊ ဘိုးဘေးတို့၏ဘုရားသခင်သည် ကြည့်ရှု၍ ဆုံးမတော်မူပါစေသောဟု ဆိုသော်၊ အခန်းကိုကြည့်ပါ။ |
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
ထို့နောက် ထိုနေရာမှဆက်လက်ထွက်ခွာလာ၍ သူ့ကိုလာရောက်ကြိုဆိုသော ရေခပ်၏သားယောနဒပ်နှင့် တွေ့ဆုံနှုတ်ဆက်လျက် “သင်သည် ငါနှင့်စိတ်သဘောထားချင်းတူပါသလော”ဟုမေးလျှင် ယောနဒပ်က “တူပါ၏”ဟုပြန်ဖြေရာ ယေဟုက “သို့ဖြစ်လျှင် သင့်လက်ကို ကမ်းပေးလော့”ဟု ဆို၏။ ယောနဒပ် လက်ကမ်းပေးလျှင် ယေဟုသည် သူ့ကို ရထားပေါ်သို့ ဆွဲတင်လိုက်လေ၏။
အကျွန်ုပ်ဖခင်၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်ကြောက်ရွံ့သောဘုရားသည် အကျွန်ုပ်နှင့်အတူရှိတော်မမူခဲ့လျှင် ဦးရီးသည် ယခု အမှန်ပင် အကျွန်ုပ်ကို လက်ချည်းသက်သက် ပြန်လွှတ်ခဲ့ပေလိမ့်မည်။ ဘုရားသခင်သည် အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်ခြင်းနှင့် ပင်ပန်းခက်ခဲစွာလုပ်ဆောင်ရခြင်းကိုမြင်၍ မနေ့ညက ဦးရီးကိုဆုံးမတော်မူပြီ”ဟု ဆိုလေ၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။