Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ​ချုပ် 10:9 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 သူ​တို့​သည် ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​ကို ချွတ်​ပြီး ဦးခေါင်း​နှင့်တကွ စစ်ဝတ်တန်ဆာ​များ​ကို ယူသွား​ကြ​၏​။ ထို့နောက် ဖိလိတ္တိ​ပြည်​တစ်ပြည်လုံး​သို့ လူ​လွှတ်​၍ သူ​တို့​၏​ရုပ်တု​များ​နှင့် ပြည်သူပြည်သား​များ​ထံ၌ ထို​သတင်းကောင်း​ကို​ကြေညာ​စေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

9 သူ​တို့​သည်​ရှော​လု​၏​ဦး​ခေါင်း​ကို​ဖြတ်​၍ အ​ဝတ်​တန်​ဆာ​များ​ကို​ချွတ်​ပစ်​ကြ​၏။ ထို နောက်​စေ​တ​မန်​တို့​အား​ရှော​လု​၏​ဦး​ခေါင်း နှင့်​လက်​နက်​များ​ကို​ယူ​ဆောင်​၍ ဖိ​လိတ္တိ ပြည်​ကို​လှည့်​လည်​ကာ​မိ​မိ​တို့​အ​မျိုး သား​များ​နှင့်​ရုပ်​တု​များ​ရှိ​ရာ​အ​ရပ် များ​တွင်​သ​တင်း​ကောင်း​ကို​ကြေ​ညာ စေ​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဦး ခေါင်း တော် ကို ဖြတ်၍ ချွတ် သိမ်း သော လက် နက် စုံ နှင့် တ ကွ ကိုယ့် ပြည် ရှိ ရုပ် ပွား များ၊ လူ သူ များ ထံ သ တင်း ကြော် ငြာ ရာ အ ဖြစ် အ နှံ့ အ ပြား ပို့ လိုက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 အ​ဝတ်​တန်​ဆာ​တော်​ကို ချွတ်​ပြီး​မှ ခေါင်း​တော်၊ လက်​နက်​တော်​ကို​ယူ၍ သူ​တို့​ရုပ်​တု​အိမ်​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ​ချုပ် 10:9
9 ပူးပေါင်းရင်းမြစ်များ  

ဖိလိတ္တိ​သမီးပျို​များ ဝမ်းမြောက်​မည်​ကို စိုး​၍​၊ အရေဖျားမလှီး​သူ​တို့​၏​သမီးပျို​များ ရွှင်မြူး​မည်​ကို​စိုး​၍ ဤ​အကြောင်း​ကို ဂါသ​မြို့​တွင် မ​ပြော​ကြ​ပါ​နှင့်​။ အာရှကေလုန်​မြို့​လမ်း​များ​ပေါ်တွင် မ​ကြေညာ​ကြ​ပါ​နှင့်​။


ရှောလု​မင်းကြီး​၏​စစ်ဝတ်တန်ဆာ​များ​ကို သူ​တို့​၏​ဘုရား​ဝတ်ကျောင်း​တွင်​ထား​ပြီး ဦးခေါင်း​ကို​မူ ဒါဂုန်​ဝတ်ကျောင်း​တွင် ချိတ်ဆွဲ​ထား​ကြ​၏​။


ထိုအခါ ရှောလု​မင်းကြီး​က သူ​၏​လက်နက်ကိုင်​လုလင်​အား “​သင့်​ဓား​ကို ထုတ်​ပြီး ငါ့​ကို ထိုးသတ်​လိုက်​ပါ​။ သို့မဟုတ်လျှင် အရေဖျားလှီး​ခြင်း​ကို​မ​ခံ​သော​ထို​သူ​တို့​သည် လာ​၍ ငါ့​ကို ညှဉ်းဆဲ​ကြ​လိမ့်မည်​”​ဟု ဆို​၏​။ သို့သော် လက်နက်ကိုင်​လုလင်​က အလွန်​ကြောက်ရွံ့​၍ မ​ထိုးရဲ​ဘဲ​နေ​၏​။ ထို့ကြောင့် ရှောလု​မင်းကြီး​သည် ဓား​ကို​ယူ​ပြီးလျှင် ထို​ဓား​ပေါ်တွင် လှဲချ​လိုက်​လေ​၏​။


နောက်တစ်နေ့​တွင် ဖိလိတ္တိ​လူမျိုး​တို့​သည် သေဆုံး​သွား​သော​သူ​တို့​၏​ကိုယ်​မှ ပစ္စည်း​များ​ကို​ချွတ်ယူ​ရန် လာ​ကြ​သောအခါ ဂိလဗော​တောင်​ပေါ်တွင် ရှောလု​မင်းကြီး​နှင့် သူ့​သား​သုံး​ယောက်​တို့ လဲကျ​သေဆုံး​နေ​ကြ​သည်​ကို တွေ့​ရ​၏​။


ကောင်းကင်ဘုံရှင်​ကို ဆန့်ကျင်​၍ ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်​၏​။ ထို​အရှင်​၏​ဗိမာန်တော်​မှ​ခွက်ဖလား​များ​ကို သင့်​ရှေ့မှောက်​သို့​ယူလာ​စေ​ပြီး သင်​မှစ၍ မှူးမတ်​များ​၊ မိဖုရား​များ​၊ ကိုယ်လုပ်တော်​များ​သည် ထို​ခွက်​များ​ဖြင့် စပျစ်ဝိုင်​ကို​သောက်​ပြီး မျက်စိ​လည်း​မ​မြင်​၊ နား​လည်း​မ​ကြား​၊ ဘာမျှ​လည်း မ​သိ​နိုင်​သော ရွှေ​၊ ငွေ​၊ ကြေးနီ​၊ သံ​၊ သစ်သား​၊ ကျောက်​တို့​ဖြင့် လုပ်​ထား​သော​ဘုရား​များ​ကို ထောမနာ​ပြု​ကြ​၏​။ သင့်​အသက်​၊ သင့်​ဘဝလမ်း​တစ်ခုလုံး​ကို​ပိုင်​တော်မူ​သော​ဘုရားသခင်​ကို​မူ သင်​မ​ချီးမြှောက်​ခဲ့​။


ထို့နောက် ယောဟန်​၏​ဦးခေါင်း​ကို လင်ပန်း​ပေါ်​တင်​၍ ယူလာ​ကာ မိန်းကလေး​အား​ပေး​လေ​သော် သူ​သည် မိမိ​၏​မိခင်​ထံသို့ ယူဆောင်​သွား​လေ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ