၁ ရာ 4:19 - မြန်မာ့စံမီသမ္မာကျမ်း19 သူ၏ချွေးမဖြစ်သူ ဖိနဟတ်၏မယားသည်လည်း သားဖွားခါနီးကိုယ်ဝန်အရင့်အမာနှင့် ဖြစ်နေ၍ ဘုရားသခင်၏သေတ္တာတော် ရန်သူ့လက်သို့ပါသွားကြောင်း၊ ယောက္ခမနှင့်ခင်ပွန်းသေဆုံးကြောင်း သတင်းများကြားရသောအခါ ချက်ချင်းပင် သားဖွားခြင်းဝေဒနာအလူးအလိမ့်ခံစားလာရ၍ သားဖွားလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible19 ဧလိ၏ချွေးမ၊ ဖိနဟတ်၏ဇနီးသည် ကိုယ် ဝန်အရင့်အမာရှိ၍မွေးဖွားချိန်ပင်နီး ကပ်၍နေလေပြီ။ သူသည်ထာဝရဘုရား ၏ပဋိညာဉ်သေတ္တာတော် ရန်သူတို့လက်သို့ ကျရောက်သွားသည့်အကြောင်းကိုလည်းကောင်း၊ မိမိ၏ယောက္ခမနှင့်ခင်ပွန်းတို့ကွယ်လွန်သွား ကြသည့်အကြောင်းကိုလည်းကောင်း ကြားရ သောအခါရုတ်တရက်သားဖွားခြင်းဝေဒနာ ခံရ၍ကလေးမျက်နှာမြင်လေ၏။- အခန်းကိုကြည့်ပါ။Garrad Bible19 ၎င်း ချွေး မ ဖြစ် သူ ဖိ န ဟတ်၏ မ ယား သည် သ န္ဓေ ရင့် မာ သ ဖြင့် ဘု ရား သ ခင့် သေ တ္တာ တော် သုံ့ ရ ပါ သွား ကြောင်း ကိုလည်း ကောင်း၊ ယော က္ခ မ နှင့် လင် ပါ သေ ဆုံး ကြောင်း ကိုလည်း ကောင်း၊ ကြား သော အ ခါ ဝမ်း နာ ခြင်း ဝေ ဒ နာ ဆိုက်၍ ခါး ကုန်း လျက် မွေး ဖွား လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible19 သူ၏ချွေးမ ဖိနဟတ်၏မယားသည် ပဋိသန္ဓေအရင့်အမာရှိ၍ အချိန်နီးလျက်၊ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ရောက်ကြောင်း၊ ယောက္ခမနှင့်လင် သေကြောင်းကိုကြားသောအခါ၊ ကျောကုန်း၍ သားဖွားခြင်းဝေဒနာကို ချက်ချင်းခံရ၏။ အခန်းကိုကြည့်ပါ။ |