၁ ရာ 27:12 - မြန်မာ့စံမီသမ္မာကျမ်း12 အာခိတ်မင်းကြီးသည် ဒါဝိဒ်ကိုယုံပြီး “ဒါဝိဒ်ကို သူ့လူမျိုးအစ္စရေးတို့ အလွန်စက်ဆုပ်ရွံရှာကြပြီ။ ထို့ကြောင့် သူသည် ငါ့ထံ၌ အစဉ်အမြဲကျွန်ခံရလိမ့်မည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible12 သို့ရာတွင်အာခိတ်သည်ဒါဝိဒ်၏စကားကို ယုံကြည်သဖြင့်``ဤလူသည်မိမိဣသရေလ အမျိုးသားတို့၏မုန်းတီးမှုကိုလွန်စွာခံရ ပြီဖြစ်၍တစ်သက်လုံးငါ၏အစေကိုခံရ ပေအံ့'' ဟုတွေးတောလျက်နေ၏။ အခန်းကိုကြည့်ပါ။Garrad Bible12 အာ ခိတ် မင်း က၊ ဒါ ဝိဒ် သည် ကိုယ့် အ မျိုး သား ဖြစ် သော ဣ သ ရေ လူ မျိုး တို့ စက် ဆုပ် ရွံ ရှာ ဖွယ် ပြု လေ ပြီ။ ထို ကြောင့် ငါ့ ထံ အ စဉ် ကျွန် ခံ လိမ့် မည် ဟု အောက် မေ့ လျက်၊ ဒါ ဝိဒ် ကို ယုံ ကြည် လေ၏။ အခန်းကိုကြည့်ပါ။Judson Bible12 အာခိတ်မင်းက၊ ဒါဝိဒ်သည် မိမိကို မိမိလူမျိုး အလွန်စက်ဆုပ် ရွံရှာသည်တိုင်အောင် ပြုပြီ။ သို့ဖြစ်၍ ငါ့ထံ၌ အစဉ်ကျွန်ခံလိမ့်မည်ဟု ဒါဝိဒ်စကားကိုယုံလျက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုအခါ ယာကုပ်က ရှိမောင်နှင့်လေဝိအား “ဤပြည်၌နေထိုင်ကြသော ခါနာန်လူမျိုးနှင့်ဖေရဇိလူမျိုးတို့ ငါ့ကိုစက်ဆုပ်ရွံရှာအောင် သင်တို့ပြုခြင်းအားဖြင့် ငါ့ကို ဒုက္ခပေးကြပြီတကား။ ငါ၌ လူအင်အားအနည်းငယ်သာရှိ၏။ သူတို့သည် စုဝေး၍ ငါ့ကိုတိုက်ခိုက်လျှင် ငါနှင့်ငါ၏အိမ်သူအိမ်သားတို့သည် ပျက်စီးကြရလိမ့်မည်”ဟု ဆိုလေ၏။
သူတို့အား ဒါဝိဒ်မင်းကြီးစက်ဆုပ်ရွံရှာသွားကြောင်းကို အမ္မုန်အမျိုးသားတို့သိသောအခါ အမ္မုန်အမျိုးသားတို့သည် လူလွှတ်၍ ဗက်ရဟောဘမြို့နှင့် ဇောဘမြို့မှဆီးရီးယားလူမျိုး ခြေလျင်တပ်သား အယောက်နှစ်သောင်း၊ မာခါဘုရင်ထံမှ လူတစ်ထောင်၊ တောဘမြို့မှ လူတစ်သောင်းနှစ်ထောင်တို့ကိုငှားရမ်းလေ၏။