၁ ရာ 24:16 - မြန်မာ့စံမီသမ္မာကျမ်း16 ဒါဝိဒ်သည် ရှောလုမင်းကြီးအား ထိုစကားအလုံးစုံကို ပြောပြီးသောအခါ ရှောလုမင်းကြီးက “ငါ့သားဒါဝိဒ်၊ ဤအသံကား သင့်အသံလော”ဟု ဆိုပြီးလျှင် ရှောလုမင်းကြီးသည် အော်ဟစ်ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible16 ဤသို့ဒါဝိဒ်လျှောက်ထားပြီးသောအခါ ရှောလုက``သင်သည်အကယ်ပင်ငါ၏သား ဒါဝိဒ်ပေလော'' ဟုဆို၍ငိုကြွေးတော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible16 ထို သို့ သော စ ကား ကို ဒါ ဝိဒ် တင် လျှောက် ပြီး သော်၊ ရှော လု မင်း က၊ အို ငါ့ သား ဒါ ဝိဒ်၊ သင့် စ ကား သံ လော ဟု မေး လျက် အော် ဟစ် ငို ကြွေး လေ၏။ အခန်းကိုကြည့်ပါ။Judson Bible16 ထိုသို့ဒါဝိဒ်သည် ရှောလုအား အကုန်အစင်လျှောက်ဆိုပြီးမှ၊ ရှောလုက ငါ့သားဒါဝိဒ်၊ ငါကြားသော စကားသံသည် သင့်စကားသံလောဟုမေးလျှင် အသံကိုလွှင့်၍ ငိုကြွေးလေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ စာရဲက အာဗြံအား “အကျွန်ုပ်ခံရသောမထီလေးစားပြုခြင်းအမှုသည် သခင့်အပေါ်ကျရောက်ပါစေ။ အကျွန်ုပ်၏ကျွန်မကို သခင့်ရင်ခွင်၌ အကျွန်ုပ်ပေးအပ်ခဲ့ပါသည်။ သို့သော် သူသည် မိမိကိုယ်ဝန်ရှိနေကြောင်းသိသောအခါ အကျွန်ုပ်ကိုမထီလေးစားပြုပါသည်။ ထာဝရဘုရားသည် အကျွန်ုပ်နှင့်သခင့်ကြားတွင် တရားသဖြင့်စီရင်ပေးတော်မူပါစေသော”ဟု ဆိုလေ၏။
ထိုအခါ စစ်သူရဲသုံးဆယ်အုပ် အာမသဲအပေါ် ဝိညာဉ်တော်သက်ရောက်လာပြီး “အို ဒါဝိဒ်၊ အကျွန်ုပ်တို့ကို အသင်ပိုင်ပါ၏။ ယေရှဲ၏သား၊ သင်နှင့်အတူ အကျွန်ုပ်တို့ ရှိပါ၏။ သင်၌ ငြိမ်သက်ခြင်း ရှိပါစေသော။ ငြိမ်သက်ခြင်း ရှိပါစေသော။ သင့်ကို ကူညီသူတို့လည်း ငြိမ်သက်ခြင်း ရှိပါစေသော။ သင်၏ဘုရားသခင်သည် သင့်ကို မစတော်မူလိမ့်မည်”ဟု ဆို၏။ ထိုအခါ ဒါဝိဒ်သည် သူတို့ကိုလက်ခံပြီး စစ်ဗိုလ်များအဖြစ် ခန့်ထားလေ၏။