၁ ရာ 23:1 - မြန်မာ့စံမီသမ္မာကျမ်း1 လူတို့က ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းများအား လုယူနေကြပါသည်”ဟု ပြောပြကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ဖိလိတ္တိအမျိုးသားတို့သည်ကိလမြို့ကို တိုက်ခိုက်၍ ရိတ်သိမ်းပြီးစကောက်သစ်များ ကိုလုယူသောသတင်းကိုဒါဝိဒ်ကြား လျှင်၊- အခန်းကိုကြည့်ပါ။Garrad Bible1 ထို နောက် ဖိ လိ တ္တိ တပ် သည် ကိ လ မြို့ ကို တိုက် ခိုက်၍ စ ပါး ကျီ များ ပါ သိမ်း ယူ သော သ တင်း ဒါ ဝိဒ် ကြား လျှင် အခန်းကိုကြည့်ပါ။Judson Bible1 ဖိလိတ္တိလူတို့သည် ကိလမြို့ကိုတိုက်၍ ကောက်နယ်တလင်းတို့ကို လုယူကြောင်းကို ဒါဝိဒ်သည် ကြားသောအခါ အခန်းကိုကြည့်ပါ။ |
ငါသည် သင်တို့အား ဤသို့ပြုမည်။ မျက်စိကွယ်စေ၍ စိတ်အားလျော့စေသော အဆုတ်ရောဂါ၊ အဖျားရောဂါတည်းဟူသော ထိတ်လန့်ဖွယ်သောအရာကို သင်တို့အပေါ် သက်ရောက်စေမည်။ သင်တို့၏ရန်သူတို့သည် သင်တို့၏အသီးအနှံတို့ကို စားပစ်မည်ဖြစ်သောကြောင့် သင်တို့ကြဲသောမျိုးစေ့သည် အချည်းနှီးဖြစ်လိမ့်မည်။
ထိုနည်းတူ သံ၊ ရွှံ့စေး၊ ကြေးနီ၊ ငွေ၊ ရွှေတို့သည်လည်း တစ်စစီကျိုးပဲ့သွား၍ နွေကာလတွင် တလင်းပြင်ရှိအဖျင်းအမှော်ကဲ့သို့ ဖြစ်လေ၏။ လေတိုက်သောအခါ လွင့်ပါသွားသဖြင့် အစအနပင် မတွေ့တော့ပေ။ ရုပ်တုကြီးကို ဝင်တိုက်သောကျောက်တုံးမူကား တောင်ကြီးဖြစ်လာပြီး မြေတစ်ပြင်လုံး၌ ပြည့်လေ၏။