Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 20:22 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 အကယ်၍ ငါ​က ထို​လူငယ်​အား ‘​မြား​တို့​သည် သင့်​ကို​လွန်သွား​ပြီ​’​ဟု ဆို​လျှင် သင်​ထွက်သွား​ပါ​။ ထာဝရဘုရား​သည် သင့်​ကို ထွက်ပြေး​စေ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 အကယ်​၍​ကျွန်ုပ်​က`မြား​တို့​သည်​ဟို​ဘက်​မှာ တွင်​ရှိ​သည်၊ သွား​၍​ယူ​ချေ' ဟု​ဆို​လျှင်​မူ​ကား ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ထွက်​ခွာ​သွား စေ​တော်​မူ​ပြီ​ဖြစ်​၍​သင်​သည်​ထွက်​ခွာ​သွား ပါ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 နင့် ရှေ့ တွင် မြှား ရှိ သည် ဟု သူ ငယ် အား ဆို ခဲ့ မူ၊ ပြေး သွား လော့။ ထာ ဝ ရ ဘု ရား သည် ထွက် သွား ရန် ပြု တော် မူ ပြီး ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သို့​မ​ဟုတ်၊ မြား​တို့​သည် နင့်​ကို​လွန်​ပြီ​ဟု လု​လင်​အား​ဆို​လျှင် သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို လွှတ်​လိုက်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 20:22
3 ပူးပေါင်းရင်းမြစ်များ  

လူငယ်​တစ်​ဦး​အား ‘​မြား​တို့​ကို လိုက်ရှာ​လော့’​ဟု စေခိုင်း​မည်​။ အကယ်၍ ငါ​က ထို​လူငယ်​အား ‘ကြည့်​လော့​။ မြား​တို့​သည် သင့်​ဘေး​၌​ရှိ​၏​။ ကောက်ယူ​လာ​ခဲ့​လော့​’​ဟု ဆို​လျှင် သင်​ထွက်လာ​လော့​။ ထာဝရဘုရား​အသက်ရှင်​တော်မူ​သည်​နှင့်အညီ သင်​၌ အန္တရာယ်​မ​ရှိ​။ ဘေးကင်း​လေ​ပြီ​။


ယောနသန်​ပစ်လိုက်​သော​မြား​ကျ​သည့်​နေရာ​သို့ လူငယ်လေး​ရောက်သွား​သောအခါ “​မြား​က သင့်​ရှေ့​ကို​ကျော်သွား​ပြီ​မ​ဟုတ်​လော​”​ဟု ယောနသန်​သည် လူငယ်လေး​နောက်မှ အော်​ပြော​၏​။


ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ