Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 19:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 တမန်​တို့​သည် အိမ်​ထဲသို့​ဝင်ကြည့်​ကြ​ရာ အိပ်ရာ​ထက်​တွင် ဆိတ်မွေး​ခေါင်းအုံး အုံး​ထား​သော​တေရပ်ရုပ်တု​ကို​သာ တွေ့​ရ​ကြ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 သူ​တို့​သည်​အိပ်​ခန်း​ထဲ​သို့​ဝင်​ကြည့်​ကြ​သော အ​ခါ ဆိတ်​မွေး​ခေါင်း​အုံး​နှင့်​သိပ်​ထား​သော အိမ်​စောင့်​နတ်​ရုပ်​ကို​အိပ်​ရာ​ပေါ်​တွင်​တွေ့​ရှိ ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 ရှော လု မင်း စေ လွှတ် သူ တို့ ဝင် ရောက် ကြည့် ရှု ကြ ရာ ခု တင် ပေါ် တွင် ဦး ခေါင်း ကို ဆိတ် မွေး ကွန် ချာ အုပ် လျက် လှဲ ထား သော တေ ရပ် အ ရုပ် ကို သာ တွေ့ ကြ သည် နှင့် အ ညီ

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 တ​မန်​တို့​သည် ဝင်​ကြ​သော​အ​ခါ ဆိတ်​မွေး​ဖြ​င့် ရက်​သော​ကု​လား​ကာ​နှင့် ခေါင်း​ရင်း​ရှေ့၌ ကာ​လျက်၊ ခု​တင်​ပေါ်​မှာ တေ​ရပ်​ရုပ်​တု ရှိ​ပါ​သည်​တ​ကား။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 19:16
3 ပူးပေါင်းရင်းမြစ်များ  

ထို့နောက် မိခါလ​သည် တေရပ်ရုပ်တု​ကို​ယူ​၍ အိပ်ရာ​ပေါ်​တင်ထား​ပြီး ဆိတ်မွေး​ခေါင်းအုံး အုံး​စေ​ကာ အဝတ်​နှင့်​လွှမ်း​ထား​၏​။


သို့သော် ရှောလု​မင်းကြီး​က “သူ့​ကို​အိပ်ရာ​နှင့်တကွ ငါ့​ထံသို့ ခေါ်လာ​ခဲ့​ပါ​။ သူ့​ကို ငါ​သတ်​မည်​”​ဟု ဆို​ပြီး ဒါဝိဒ်​ကို သွားကြည့်​ရန် တမန်​တို့​ကို စေလွှတ်​ပြန်​၏​။


ထိုအခါ ရှောလု​မင်းကြီး​က မိခါလ​အား “​အဘယ်ကြောင့် ငါ့​ကို ဤသို့​လှည့်စား​၍ ငါ့​ရန်သူ​လွတ်မြောက်​အောင် လွှတ်ပေး​သနည်း​”​ဟု ဆို​လျှင် မိခါလ​က ရှောလု​အား “သူ​က ‘​ငါ့​ကို လွှတ်​ပါ​။ အဘယ်ကြောင့် သင့်​ကို ငါ​သတ်​ရ​မည်နည်း​’​ဟု အကျွန်ုပ်​အား ဆို​ပါ​၏​”​ဟု ပြန်ပြော​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ