၁ ရာ 12:15 - မြန်မာ့စံမီသမ္မာကျမ်း15 အကယ်၍ သင်တို့သည် ထာဝရဘုရား၏စကားတော်ကို မနာခံဘဲ ထာဝရဘုရား၏အမိန့်တော်ကိုဖီဆန်လျှင် ထာဝရဘုရား၏လက်တော်သည် သင်တို့၏ဘိုးဘေးတို့ကို ဒဏ်ခတ်သကဲ့သို့ သင်တို့ကို ဒဏ်ခတ်တော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible15 ``သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏စကားကိုနားမထောင်ဘဲ အမိန့်တော်ကို လွန်ဆန်ကြပါလျှင် ကိုယ်တော်သည်သင်တို့ နှင့်သင်တို့၏ဘုရင်အားဆန့်ကျင်ဘက် ပြုတော်မူလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible15 မိန့် တော် မူ ချက် ကို မ လိုက် မ နာ၊ ဖီ ဆန် လျှင် မူ ကား၊ ထာ ဝ ရ ဘု ရား၏ လက် တော် သည် ဘိုး ဘေး များ အ ပေါ် တွင် တင် ဖိ ခဲ့ သည့် နည်း တူ၊ သင် တို့ အ ပေါ်၌ လည်း တင် ဖိ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible15 သို့မဟုတ် ထာဝရဘုရား၏ စကားတော်ကို နားမထောင်၊ အာဏာတော်ကိုဆန်လျှင်၊ ထာဝရဘုရား၏ လက်တော်သည် ဘိုးဘေးတို့ကို ဆီးတားသကဲ့သို့ သင်တို့ကို ဆီးတားတော်မူလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
သို့သော် သင်တို့၏ဘိုးဘေးတို့သည် သူတို့၏ဘုရားသခင်ထာဝရဘုရားကိုမေ့လျော့ကြသဖြင့် ကိုယ်တော်သည် သူတို့ကို ဟာဇော်စစ်သူကြီးသိသရ၏လက်သို့လည်းကောင်း၊ ဖိလိတ္တိလူမျိုးတို့လက်သို့လည်းကောင်း၊ မောဘရှင်ဘုရင်တို့လက်သို့လည်းကောင်း အပ်လိုက်တော်မူ၏။ ထိုသူတို့သည်လည်း ဘိုးဘေးတို့ကို တိုက်ခိုက်လေ၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။