၁ ယော 5:14 - မြန်မာ့စံမီသမ္မာကျမ်း14 ဘုရားသခင်၌ ငါတို့ထားရှိသောယုံကြည်စိတ်ချမှုကား ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုကိုတောင်းလျှောက်လျှင် ဘုရားသခင်သည်နားညောင်းတော်မူ၏ဟူ၍ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible14 ကိုယ်တော်သည်မိမိ၏အလိုတော်နှင့်အညီ တောင်းလျှောက်သောပတ္ထနာကိုနားညောင်းတော် မူကြောင်းစိတ်ချယုံကြည်နိုင်သဖြင့် ငါတို့ သည်ရှေ့တော်သို့ရဲဝံ့စွာချဉ်းကပ်ကြပေသည်။- အခန်းကိုကြည့်ပါ။Garrad Bible14 ရှေ့ တော် တွင် ငါ တို့ ရ ရှိ သော ရဲ ရင့် ခြင်း မှာ အ လို တော် နှင့် အ ညီ ငါ တို့ တောင်း လျှောက် လေ ရာ ရာ၌ နား ညောင်း တော် မူ ကြောင်း တည်း။ အခန်းကိုကြည့်ပါ။Judson Bible14 ငါတို့သည် ဘုရားသခင့်အထံတော်၌ ရဲရင့်ခြင်းအကြောင်းဟူမူကား၊ ငါတို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ခုသောဆုကို တောင်းလျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း14 ကျွန်ုပ်တို့သည် အလိုတော်နှင့်အညီ တစ်စုံတစ်ရာကို တောင်းလျှောက်လျှင် ဘုရားသခင်သည် နားဆင်တော်မူမည်ဟု သိသောကြောင့် ဘုရားသခင်ထံသို့ စိတ်ချယုံကြည်မှုဖြင့် ချဉ်းကပ်နိုင်ကြ၏။ အခန်းကိုကြည့်ပါ။ |