ဧသတာ 9:31 - မြန်မာ့စံမီသမ္မာကျမ်း31 ထိုစာသည် ဂျူးလူမျိုးမော်ဒကဲနှင့်မိဖုရားဧသတာတို့ သတ်မှတ်ပေးထားသည့်အတိုင်း၊ သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အတွက် ဤနေ့ကို အစာရှောင်မြည်တမ်းရာနေ့အဖြစ် သတ်မှတ်ပေးထားသည့်အတိုင်း ပုရိမ်ပွဲနေ့ကို သတ်မှတ်အတည်ပြုပေးသောစာဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible31 အချိန်ကျရောက်သောအခါမိမိတို့ သဘောတူပြဋ္ဌာန်းခဲ့သည်နှင့်အညီ သူ တို့နှင့်သူတို့၏သားမြေးများသည်အစာ ရှောင်ခြင်း၊ ဝမ်းနည်းမြည်တမ်းခြင်းတို့ကို ပြုသည့်ပြင်ပုရနေ့များကိုစောင့်ရန်ညွှန် ကြားလေသည်။ ဤညွှန်ကြားချက်သည် မိဖုရားဧသတာနှင့်ယုဒအမျိုးသား မော်ဒကဲတို့အမိန့်ထုတ်ပြန်ချက်ဖြစ် သည်။- အခန်းကိုကြည့်ပါ။ |
“ရှုရှန်မြို့တွင် ရှိသမျှသောဂျူးလူမျိုးတို့ကို သွား၍စုစည်းပြီး နေ့ရောညပါ သုံးရက်ပတ်လုံး မစားမသောက်ဘဲ အကျွန်ုပ်အတွက် အစာရှောင်ဆုတောင်းကြပါ။ အကျွန်ုပ်နှင့် အစေခံမိန်းကလေးများသည်လည်း ထိုနည်းတူ အစာရှောင်ဆုတောင်းကြပါမည်။ ထို့နောက် ဥပဒေနှင့်ဆန့်ကျင်သော်လည်း ရှင်ဘုရင်ထံအခစားဝင်မည်။ သေရမည်ဆိုလျှင်လည်း အသေခံပါမည်”ဟု ပြန်ပြောလိုက်၏။