Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဧ​ဖက် 6:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

16 ထို​အရာ​အားလုံး​တို့​အပြင် ယုံကြည်​ခြင်း​ဒိုင်းလွှား​ကို ထပ်ဆင့်​၍​ဆောင်ယူ​ကြ​လော့။ ထို​ဒိုင်းလွှား​အားဖြင့် မာရ်နတ်​၏​တောက်လောင်​နေ​သော​မြား​ရှိသမျှ​တို့​ကို သင်​တို့​ငြှိမ်းသတ်​နိုင်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

16 ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော​ဒိုင်း​လွှား​ကို အ​မြဲ​ဆွဲ​ကိုင်​ထား​ကြ​လော့။ သင်​တို့​သည် ထို​ဒိုင်း​လွှား​အား​ဖြင့်​မာရ်​နတ်​ပစ်​ခတ်​သော မီး​မြား​လက်​နက်​ဟူ​သ​မျှ​ကို​ငြိမ်း​သတ် နိုင်​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

16 မာရ် နတ်၏ မီး မြှား ဟူ သ မျှ ကို ကာ သတ် နိုင် ရန် ယုံ ကြည် ခြင်း ဒိုင်း လွှား ကို လည်း ကိုင် လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

16 မာရ်​နတ်​ပစ်​ခတ်​သော မီး​စက်​လက်​နက်​ကို ကာ​သတ်​နိုင်​သော ယုံ​ကြည်​ခြင်း​တည်း​ဟူ​သော လွှား​ကို​လည်း ခပ်​သိမ်း​သော လက်​နက်​တို့​အ​ပေါ်​မှာ ထပ်​ဆင့်၍ ယူ​ဆောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

16 ဤ​အရာ​အားလုံး​အပြင် ယုံကြည်ခြင်း​ဒိုင်းလွှား​ကိုလည်း ကိုင်ဆောင်ကြလော့။ ထို​ဒိုင်းလွှား​ဖြင့် မာရ်နတ်​၏ မီးမြား​အားလုံး​ကို ငြှိမ်းသတ်နိုင်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဧ​ဖက် 6:16
16 ပူးပေါင်းရင်းမြစ်များ  

ဤ​အရာ​များ​ဖြစ်​ပြီးသည့်နောက် ထာဝရဘုရား​၏​နှုတ်ကပတ်တော်​သည် စိတ်အာရုံ​အားဖြင့် အာဗြံ​ထံသို့​ရောက်လာ​၍ “​အာဗြံ​၊ မ​ကြောက်​နှင့်​။ ငါ​သည် သင်​၏​ဒိုင်းလွှား​ဖြစ်​၏​။ သင်​ရရှိ​မည့်​ဆုလာဘ်​သည် အလွန်​ကြီးမား​၏​”​ဟု မိန့်​တော်မူ​၏​။


ကိုယ်တော်​သည် ကယ်တင်​ခြင်း​ဒိုင်းလွှား​ကို အကျွန်ုပ်​အား​ပေး​တော်မူ​၏​။ ကိုယ်တော်​၏​နူးညံ့သိမ်မွေ့​သော​သဘော​ကြောင့် အကျွန်ုပ်​သည် ကြီးမြတ်​သူ​ဖြစ်လာ​ရ​ပါ​၏​။


စစ်သူရဲ​၏​ချွန်ထက်​သော​မြား​နှင့် ရှား​မီးခဲ​တို့​ဖြင့်​ဖြစ်​၏​။


သေ​စေ​တတ်​သော​လက်နက်​တို့​ကို​လည်း ထို​သူ​အတွက်​ပြင်ဆင်​၍ မီး​မြား​တို့​ကို ပြင်ဆင်​ထား​တော်မူ​မည်​။


ထာဝရဘုရား​၏​နာမ​တော်​သည် ခိုင်ခံ့​သော​ရဲတိုက်​ဖြစ်​၏​။ ဖြောင့်မတ်​သော​သူ​သည် ထို​ရဲတိုက်​သို့​ပြေးဝင်​၍ လုံခြုံ​စွာ​နေ​ရ​၏​။


သို့ဖြစ်၍ သင်​တို့​သည် ဟုတ်​သည်​ကို ‘ဟုတ်​ပါ​၏’ မ​ဟုတ်​သည်​ကို ‘မ​ဟုတ်​ပါ’​ဟူ၍​သာ ပြောဆို​ကြ​လော့။ ၎င်း​တို့​ထက် ပို​သော​စကား​သည် မကောင်း​သော​အရာ​နှင့်စပ်ဆိုင်​၏။


ငါ​တို့​သည် သင်​တို့​၏​ယုံကြည်​ခြင်း​ကို ချုပ်ကိုင်​ထား​ကြ​သည်​မ​ဟုတ်။ သင်​တို့​၏​ဝမ်းမြောက်​ခြင်း​အတွက် သင်တို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​များ​သာ​ဖြစ်​ကြ​၏။ အကြောင်းမူကား သင်​တို့​သည် ယုံကြည်​ခြင်း​ဖြင့် ရပ်တည်​ကြ​ပြီ​ဖြစ်​၏။


ဝိညာဉ်​တော်​၏​အရှိန်​ကို မ​ငြိမ်း​စေ​ကြ​နှင့်။


ငါ​တို့​မူကား နေ့​နှင့်စပ်ဆိုင်​ကြ​သည်​ဖြစ်​၍ ယုံကြည်​ခြင်း​နှင့်​ချစ်​ခြင်း​မေတ္တာ​တို့​ကို ရင်အုပ်​တန်ဆာ​အဖြစ်​ဝတ်ဆင်​လျက် ကယ်တင်​ခြင်း​၌​မျှော်လင့်​ခြင်း​ကို သံခမောက်​အဖြစ်​ဆောင်း​ကာ သမ္မာသတိ​ရှိ​ကြ​ကုန်စို့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ