ဧဇရ 10:15 - မြန်မာ့စံမီသမ္မာကျမ်း15 ဤအစီအစဉ်ကို အာသဟေလ၏သားယောနသန်နှင့် တိကဝ၏သားယဟာဇိတို့သာ ကန့်ကွက်ကြ၍ လေဝိအမျိုး မေရှုလံနှင့် ရှဗ္ဗေသဲတို့က သူတို့ကို ထောက်ခံကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible15 မေရှုလံနှင့်လေဝိအနွယ်ဝင်ရှဗ္ဗသဲတို့၏ ထောက်ခံမှုကိုရသော အာသဟေလ၏သား ယောနသန်နှင့်တိကဝ၏သားယဟာဇိ တို့ကလွဲ၍ အခြားအဘယ်သူမျှထို အကြံကိုမကန့်ကွက်ကြ။ အခန်းကိုကြည့်ပါ။Garrad Bible15 အာ သ ဟေ လ သား ယော န သန်၊ တိ က ဝ သား ယ ဟာ ဇိ တို့ နှင့်၊ ဘက် ပါ လေ ဝိ ဂိုဏ်း သား မေ ရှု လံ၊ ရှ ဗ္ဗ သဲ တို့ သာ လျှင် ခု ခံ ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible15 အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ အကျွန်ုပ်တို့၏အကြီးအကဲများသည် လူထုတစ်ရပ်လုံးအတွက် တာဝန်ယူပါစေ။ တစ်ပါးအမျိုးသားမိန်းမပျိုတို့နှင့်စုံဖက်သောသူအားလုံး ကိုယ့်မြို့ကိုယ့်ရွာရှိသက်ကြီးဝါကြီးများ၊ တရားသူကြီးများနှင့်အတူ သတ်မှတ်ထားသောအချိန်တွင် လာ၍ ဤကိစ္စနှင့်ပတ်သက်ပြီး အကျွန်ုပ်တို့၏ဘုရားသခင် အမျက်တော်ပြေသည့်တိုင်အောင် အစစ်ဆေးခံပါစေ”ဟု ပြန်ပြောကြ၏။