အာမုတ် 5:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထိုအရှင်သည် အားကြီးသောသူကို ရုတ်ချည်းဖျက်ဆီးသဖြင့် ခံတပ်မြို့သည် ပျက်စီးသွားရလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible9 ကိုယ်တော်သည်ခွန်အားကြီးသူတို့နှင့် ခံတပ်များကိုဖြိုဖျက်ခဲ့ပြီ။ အခန်းကိုကြည့်ပါ။Garrad Bible9 စွမ်း ရည် ကောင်း သူ တို့ ၌ ဘေး သင့် စေ သ ဖြင့်၊ ခံ မြို့ လည်း ပျက် စီး ရာ ရောက် စေ တော် မူ သော အ ရှင်၏ နာ မ တော် ကား၊ ယေ ဟော ဝါ ပေ တည်း။ အခန်းကိုကြည့်ပါ။Judson Bible9 ခွန်အားကြီးသော သူတို့ကိုလည်းကောင်း၊ ရဲတိုက်တို့ကိုလည်းကောင်း ဖျက်ဆီးတော်မူသော ဘုရားကို ရှာကြလော့။ အခန်းကိုကြည့်ပါ။ |
ယောခတ်မင်းကြီး၏သားတော်ယဟောရှသည် ခမည်းတော်ယောခတ်မင်းကြီးလက်ထက် တိုက်ပွဲဖြစ်စဉ် အသိမ်းခံလိုက်ရသောမြို့ရွာများကို ဟာဇေလမင်းကြီး၏သားတော်ဗင်္ဟာဒဒ်လက်မှ ပြန်လည်သိမ်းယူခဲ့၏။ ယောရှမင်းကြီးသည် ဗင်္ဟာဒဒ်မင်းကြီးကို သုံးကြိမ်အောင်နိုင်ခဲ့ပြီး အစ္စရေးမြို့ရွာများကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့၏။
ထို့နောက် ဧလိရှဲက “အရှေ့ပြတင်းပေါက်ကို ဖွင့်လော့”ဟုဆိုသဖြင့် ပြတင်းပေါက်ကိုဖွင့်လျှင် ဧလိရှဲက “ပစ်လော့”ဟုဆိုသဖြင့် ရှင်ဘုရင်လည်း ပစ်လိုက်လေ၏။ ထိုအခါ ဧလိရှဲက “ထာဝရဘုရား၏အောင်မြင်သောမြား၊ ဆီးရီးယားလူမျိုးကိုအောင်နိုင်သောမြား ဖြစ်၏။ သင်သည် အာဖက်မြို့တွင် ဆီးရီးယားလူမျိုးတို့ကို အပြီးသတ်တိုက်ခိုက်နှိမ်နင်းနိုင်လိမ့်မည်”ဟု ဆို၏။