ဟ္ဂဲ 1:13 - မြန်မာ့စံမီသမ္မာကျမ်း13 ထို့နောက် ထာဝရဘုရား၏စေတမန်ဟဂ္ဂဲက လူတို့အား “ထာဝရဘုရားက သင်တို့နှင့်အတူ ငါရှိ၏ဟူ၍ မိန့်တော်မူသည်”ဟု ထာဝရဘုရားမိန့်တော်မူသောစကားကို ဆင့်ဆို၏။ အခန်းကိုကြည့်ပါ။Common Language Bible13 ထိုအခါထာဝရဘုရား၏တမန်တော်ဟ္ဂဲ သည်``ထာဝရဘုရားကငါသည်သင်တို့နှင့် အတူရှိတော်မူမည်'' ဟုမိန့်တော်မူကြောင်း လူတို့အားဆင့်ဆိုပြောကြား၏။- အခန်းကိုကြည့်ပါ။Garrad Bible13 လူ ပ ရိ သတ် ကြောက် ရွံ့ လျက် နေ ကြ စဉ် ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ဆင့် ဆို သော ရာ ဇ သံ ဖြစ် သူ ဟ ဂ္ဂဲ က၊ သင် တို့ နှင့် အ တူ ငါ ရှိ သည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း လူ ပ ရိ သတ် အား ဆင့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible13 ထိုအခါ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း ထာဝရဘုရား၏တမန်ဟဂ္ဂဲက၊ ငါသည် သင်တို့နှင့် အတူရှိ၏ဟု၊ ထာဝရဘုရားမိန့်တော်မူကြောင်းကို လူများတို့အား ဆင့်ဆိုလေ၏။ အခန်းကိုကြည့်ပါ။ |
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏စေတမန်ကို ငါစေလွှတ်မည်။ သူသည် ငါသွားရမည့်လမ်းကို ကြိုတင်ပြင်ဆင်လိမ့်မည်။ သင်တို့ရှာဖွေသောအရှင်သခင်သည် ဗိမာန်တော်သို့ ချက်ချင်းကြွလာလိမ့်မည်။ ကြည့်ရှုလော့။ သင်တို့အလိုရှိသောပဋိညာဉ်တမန်သည်လည်း ကြွလာနေပြီ”ဟု မိန့်တော်မူ၏။
သို့သော် အို ဇေရုဗဗေလ၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘အို ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၊ အားယူလော့။ အို ပြည်သူပြည်သားအပေါင်းတို့၊ အားယူလော့’ဟု ထာဝရဘုရားမိန့်ဆိုပြီ။ ‘ကြိုးစားလုပ်ဆောင်ကြလော့။ သင်တို့နှင့်အတူ ငါရှိ၏’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ဤတိုက်ပွဲကို သင်တို့တိုက်စရာမလို။ ခိုင်မာစွာရပ်တည်၍ ထာဝရဘုရား သင်တို့ကိုမည်သို့ ကယ်တင်မည်ကို စောင့်ကြည့်ကြလော့။ အို ယုဒပြည်သူ ဂျေရုဆလင်မြို့သားတို့၊ မကြောက်နှင့်။ စိတ်မပျက်နှင့်’ဟု မိန့်တော်မူ၏။ မနက်ဖြန်နေ့တွင် သူတို့နှင့် ရင်ဆိုင်တိုက်ခိုက်ဖို့ စစ်ချီထွက်လော့။ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူ၏”ဟု မိန့်ဆို၏။
ငါသည် ငါ့အစေအပါး၏စကားကို တည်စေ၏။ ငါ့စေတမန်တို့၏အကြံဉာဏ်ကို အထမြောက်စေ၏။ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ ‘ထိုမြို့သည် လူတို့နေထိုင်ရာအရပ်ဖြစ်လိမ့်မည်’ဟူ၍လည်းကောင်း၊ ယုဒမြို့တို့နှင့်ပတ်သက်၍ ‘ထိုမြို့တို့သည် တည်ဆောက်ခြင်းခံရမည်။ မြို့၏ပြိုပျက်ရာတို့ကို ငါပြန်လည်ထူထောင်မည်’ဟူ၍လည်းကောင်း ငါမိန့်ဆို၏။
သူသည် အာသမင်းကြီးထံသွားကာ “အို အာသမင်းကြီးနှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြပါလော့။ သင်တို့သည် ထာဝရဘုရားနှင့်အတူရှိလျှင် ထာဝရဘုရားသည်လည်း သင်တို့နှင့်အတူ ရှိလိမ့်မည်။ ကိုယ်တော်ကိုရှာလျှင် အတွေ့ခံတော်မူမည်။ ကိုယ်တော်ကို စွန့်ပစ်လျှင် ကိုယ်တော်သည်လည်း သင်တို့ကို စွန့်ပစ်တော်မူမည်။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှ ဗောခိမ်မြို့သို့တက်လာ၍ “ငါသည် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့ပြီး သင်တို့ဘိုးဘေးတို့အား ဤပြည်ကိုပေးမည်ဟု ငါကျိန်ဆိုခဲ့သည့်အတိုင်း ဤပြည်သို့ သင်တို့ကိုပို့ဆောင်ခဲ့၏။ ‘သင်တို့နှင့်ဖွဲ့ခဲ့သောငါ၏ပဋိညာဉ်ကို ငါချိုးဖောက်မည်မဟုတ်။
ထို့နောက် ဒါဝိဒ်မင်းကြီးက သားတော်ရှောလမုန်အား “အားယူ၍ရဲရင့်စွာ လုပ်ဆောင်လော့။ မကြောက်နှင့်၊ စိတ်မပျက်နှင့်။ ငါကိုးကွယ်သောဘုရားသခင်၊ ဘုရားသခင်ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူ၏။ ထာဝရဘုရား၏အိမ်တော် ဆောက်လုပ်ခြင်းအမှုအလုံးစုံကို ပြီးစီးသည့်တိုင်အောင် သင့်ကို စွန့်ပစ်တော်မူမည်မဟုတ်။ သင့်ကို ပစ်ပယ်တော်မူမည်မဟုတ်။