ဟေရှာယ 9:8 - မြန်မာ့စံမီသမ္မာကျမ်း8 ဘုရားရှင်သည် နှုတ်ကပတ်တော်ကို ယာကုပ်ထံသို့ စေလွှတ်တော်မူမည်။ အစ္စရေးလူမျိုးအပေါ်သို့ သက်ရောက်စေတော်မူမည်။ အခန်းကိုကြည့်ပါ။Common Language Bible8 ထာဝရဘုရားသည်ယာကုပ်၏သားမြေး များအပေါ်နှင့် ဣသရေလပြည်အပေါ်၌ တရားစီရင်ချက်ချမှတ်တော်မူလေပြီ။- အခန်းကိုကြည့်ပါ။Garrad Bible8 ယာ ကုပ် အ မျိုး သို့ အ ရှင် ဘု ရား စေ သော ဗျာ ဒိတ် တော် သည်၊ ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် သက် ရောက် သ ဖြင့်၊ အခန်းကိုကြည့်ပါ။Judson Bible8 ထာဝရဘုရားသည် ဗျာဒိတ်တော်ကို ယာကုပ်အမျိုးသို့လွှတ်၍၊ ဣသရေလအမျိုးအပေါ်မှာ သက်ရောက်စေတော်မူ၏။ အခန်းကိုကြည့်ပါ။ |
သူ၏အာဏာစက်သည် အစဉ်တိုးပွား၍ ငြိမ်သက်ခြင်းသည် အဆုံးမရှိ။ ဒါဝိဒ်၏ရာဇပလ္လင်ပေါ်တွင်ထိုင်၍ နိုင်ငံတော်ကို ယခုမှစ၍ နောင်ကာလအစဉ် တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့ဖြင့် တည်တံ့ခိုင်မြဲစေမည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်အားထက်သန်စွာဖြင့် ဤအမှုကို ပြုတော်မူလိမ့်မည်။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။